ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။
နောက်ငါးနှစ်၊ ဆယ်နှစ်၊
အနှစ်နှစ်ဆယ် နေရင်
ဘယ်ကို ရောက်နေမလဲ
အရေးကြီးတာပဲ။
ဒါကြောင့် ဆာလောင်မှုကို
လျော့လိုက်လို့မရဘူး။
ဆာလောင်မှုက အကြောက်တရားထက်
ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့
သဘောရှိတယ်။
ဆာလောင်မှုဟာ ရဲရဲတောက်
မီးခဲလို ဖြစ်နေဖို့လိုတယ်။
ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်
အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။
ဒူပေဒါပေခံဖို့လိုတယ်။
စိတ်ရှည်ဖို့ လိုတယ်။
ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကို
ပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။
ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်။
Phyo Paing @ Derek