လူတချို့ အားကစားရုံ Gym ကို
ဘာလို့ ပုံမှန်သွားကြလဲ?
ခံစားချက်ကောင်းလို့။
လူတချို့ဘာကြောင့် စာနေ့တိုင်းမှတ်ကြလဲ?
ခံစားချက်ကောင်းဖို့။
ခံစားချက်ဆိုတာ ဘယ်ကဖြစ်လာသလဲ?
ကျွန်တော်ကတော့ ဒီလိုလေး
အီကွေးရှင်းထုတ်ကြည့်တယ်။
အတွေ့အကြုံ + အတွေး + အဓိပ္ပာယ် = ခံစားချက်
အခြေအနေ သို့ အတွေ့အကြုံကို
အတွေးထည့်လိုက်တယ်။
ဥပမာ
၁။ Gym ကို ရောက်သွားတယ်။
၂။ ဒါက ကိုယ့်အတွက်
လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အတွေးဝင်လာတယ်။
၃။ တစ်ရက်တာတက်ကြွလန်းဆန်းပြီး
ပျော်စေမည့်ဆေးပဲဆိုတဲ့ အတွေးထည့်လိုက်တယ်။
လေ့ကျင့်ခန်းလုပ်တိုင်း နဖူးကချွေးခြေမကျပေမည့်
ဒါက ငါ့ကျန်းမာရေး၊ လှပရေးနဲ့
ခံစားချက်ကောင်းဖို့ဆိုတဲ့
အတွေ့အကြုံ၊ အတွေး၊ အဓိပ္ပာယ်နဲ့
ခံစားချက်ကောင်းတွေဖြစ်လာတယ်။
Phyo Paing @ Derek