ဒီလိုစည်းမျဉ်းတွေ သတ်မှတ်ဖို့က data လိုတယ်။
အသက် ကိုးဆယ်ကျော်လောက်နေရမယ်ဆို
အခုက 30% ပြည့်တဲ့အချိန်ပြည့်ပြီဖြစ်တဲ့အတွက်
ကိုယ်ဘာကြိုက်လဲ၊ မကြိုက်လဲ
ကိုယ်နဲ့ပတ်သက်တဲ့ data တော်တော်လေး
Explore လုပ်ပြီးသားဖြစ်တဲ့အခါ
နောက်တစ်ဆင့် Exploit လုပ်ဖို့ပဲကျန်တော့မယ်။
(2019 data အရ
မြန်မာပြည်ရဲ့ အမျိုးသား life expectancy က
67.13 နှစ်ပဲရှိတယ်။)
ဒီလို စည်းကမ်းတွေကို algorithm လို့ခေါ်တယ်။
ကျွန်တော့်ဘဝမှာ ချမှတ်ထားတဲ့
algorithm တချို့ရှိတယ်။
ရှောင်ရတဲ့ rule တစ်ခုရှိတယ်။
ဒါကတော့ “ဘူကောင်တွေရှောင်ပါ။”
ဘူကောင်ဆိုတာ unhappy and unlucky
ဖြစ်တဲ့သူတွေကို ဆိုလိုတာပါ။
အမူအကျင့်ကို complain လုပ်တာ
blame လုပ်တတ်တာနဲ့ တွေ့နိုင်တယ်။
ဒါကို marketing မှာလဲကျင့်သုံးတယ်။
Fire your bad customers ပါ။
AT&T မှာ bad or vampire customer တွေကို
Fire လုပ်လိုက်တဲ့အခါ
Overall customer satisfaction 21% ကျော်
ပိုတက်လာတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ one bad customer ကို
ပေးရတဲ့အချိန်မှာ ကျန်နဲ့ awesome customers
20 ကို အချိန်ပေးလိုက်နိုင်တဲ့အတွက်ဖြစ်တယ်။
လုပ်ဆောင်ရမည့် Rule တချို့ရှိတယ်။
တစ်ခုကတော့
ချက်ချင်းအသုံးချပါ။
ချက်ချင်းအသုံးချလို့မရသေးရင်
schedule လုပ်ပြီးအသုံးချပါ။
မစဉ်းစားပဲ မနေနိုင်ရင် လုပ်ချလိုက်။
Jeff Bezos ကတော့
regret minimization algorithm အသုံးပြုပြီး
သူ့အလုပ်ကထွက်ဖို့ဆုံးဖြတ်ချက်ချပြီး
Amazon ကိုတည်ထောင်ခဲ့တယ်။
ကိုယ့်ဘဝမှာရော ဆုံးဖြတ်ချက်တွေကို
guide လုပ်ပေးမည့်တိကျတဲ့
Algorithm ရှိပြီလား?
Phyo Paing @ Derek