ဆွဲဆန့်ပါ။
ကိုယ်ကျွမ်းကျင်တာထက်
နည်းနည်းပို ခက်တဲ့အလုပ်လုပ်ရရင်
ကိုယ့်ရဲ့ အရည်အချင်း
လုပ်ဆောင်နိုင်စွမ်းကို ဆွဲဆန့်ရပြီ။
ဒီနေရာမှာ ဖိစီးမှု အနည်းငယ်ဖြစ်တယ်။
ဒီဖိစီးမှုက ကိုယ့်ကို တိုးတက်စေတယ်။
ဒီတိုးတက်မှုက ပျော်စေတယ်။
ဒါကြောင့် လွယ်တဲ့အလုပ်တွေပဲ
ထိုင်လုပ်မနေပါနဲ့။
ကိုယ့်ကို စိန်ခေါ်တဲ့ အလုပ်တွေလဲလုပ်ကြည့်ပါ။
ရေမကူးတတ်ပဲ ရေထဲခုန်ချတာမျိုးမဟုတ်ဘူး။
ရေနက်တဲ့နေရာလေး တစ်လှမ်းချင်းသွားပြီး
သွားလိုက် ပြန်ကူးလာလိုက်
လေ့ကျင့်တာမျိုး။
Phyo Paing @ Derek