ဘဝကို အကြီးအကျယ်အပြောင်းအလဲဖြစ်ဖို့က
“ဇ” ရှိဖို့လိုတယ်။
လူမှုကွန်ယက်ကို အားကုန်ထည့်ဝုန်းဖို့
ဘေးလူစကားတွေ လျစ်လျူရှုပြီး
စတင်နိုင်တဲ့ “ဇ” လိုတယ်။
လစာကောင်းတဲ့ အလုပ်ကိုထွက်ပြီး
ကိုယ်ယုံကြည်တဲ့ ကိုယ်ပိုင်အလုပ်ကိုလုပ်ဖို့
“ဇ” လိုတယ်။
စကားမပီ၊ လူရှေ့စကားမပြောရဲရာက
ဘာပဲဖြစ်ဖြစ် ငါ ဒီ အတတ်ပညာကိုတတ်ရမယ်ဆိုပြီး
လူရှေ့စကားပြောခြင်းအတတ်ပညာကိုလေ့လာ
တကယ်လုပ်ဆောင်တဲ့ “ဇ” လိုတယ်။
ကိုယ်သွားနေတဲ့လမ်းက မမှန်ဘူး။
ဒါကို သိတယ်။
သိနေတာကို ပြောင်းရဲတဲ့ “ဇ” လိုတယ်။
နေရာတစ်ခုက ပိုကောင်းတာသိရင်
ကြိုက်တယ်၊ မကြိုက်တယ်၊
ပျော်တယ် မပျော်တယ်နောက်ထား
ပြောင်းရဲတဲ့ “ဇ” လိုတယ်။
ကိုယ်မကျွမ်းကျင်တာကို လေ့လာပြီး
ကျွမ်းကျင်တဲ့အခါ ခြေစုံပစ်ဝင်ရဲတဲ့
“ဇ” လိုတယ်။
All-in လုပ်နိုင်ဖို့ “ဇ” လိုတယ်။
ဒါမှပဲ ရလဒ်ရရင် ခပ်ကြီးကြီးရမယ်။
Downside risk ကျဆုံးနိုင်ခြေကို ကန့်သတ် limit လုပ်၊
Upside potential ကြီးပွါးနိုင်ခြေကို maximize လုပ်။
ဒါတွေလုပ်ဖို့ “ဇ” လိုတယ်။
Phyo Paing @ Derek