Rich Kid တွေနဲ့ Self-made နဲ့
အဓိက ကွာတဲ့အချက်က
ပျော်ရွင်မှုကိုခံစားရတဲ့ ခံစားချက်ပဲ။
Rich Kid အနေနဲ့ မိဘဆီက
ကားတစ်စီးလက်ဆောင်ပေးတဲ့အရသာက
Self-made တစ်ယောက်က
ကိုယ့်အားကိုယ်ကိုးပြီး ဝယ်လိုက်ရတဲ့
ခံစားချက်နဲ့ ဘယ်လိုမှမတူနိုင်ဘူး။
Rich Kid အနေနဲ့ မိဘကထုတ်ပေးလိုက်တဲ့
လုပ်ငန်းလုပ်ဖို့ သိန်း ၁၀၀၀ က
Self-made အနေနဲ့ လုပ်ငန်းပြန်လုပ်ဖို့
ရှာတဲ့ သိန်း ၁၀၀၀ နဲ့ စိတ်ခံစားမှု
တန်ဖိုးချင်း မတူနိုင်ဘူး။
ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့
တချို့အတွေးအခေါ်တွေက
လူတချို့ကို အဆိပ်သင့်စေတယ်။
မိဘတွေကလဲ ကိုယ့်သားသမီးကို
စင်းလုံးချောဖြစ်စေချင်တာ။
အောင်မြင်နေတာပဲ မြင်ချင်တာ၊
ကျဆုံးနေတာကို မမြင်ချင်ဘူး၊
မကြားချင်ဘူး၊ မပြောချင်ဘူး။
တကယ်တမ်းအောင်မြင်မှုဖြစ်စဥ်က
ကျရှုံးမှုတွေနဲ့ အလုပ်မဖြစ်မှုတွေ
အများကြီးပြီးမှ လာတာ။
Phyo Paing @ Derek