အသက်ရှင်ရတော့မယ်ဆို
ကျန်တဲ့တစ်နှစ်ကို ဘယ်လိုဖြတ်သန်းမလဲ?
ဒီနေ့ Self-discovery journal စာအုပ်ဖတ်ရင်း
သဘောကျတဲ့ မေးခွန်းလေးတစ်ခု။
ကိုယ့်ဘဝမှာ အခုအချိန်ထိ
ဘဝက ပေးသွားတဲ့ သင်ခန်းစာသုံးခုကဘာလဲ။
ဒါလေးလဲ မိုက်တယ်။
ကိုယ်နဲ့ နေ့စဥ်ပေါင်းနေတဲ့သူ
ငါးယောက်က ဘယ်သူတွေလဲ၊
ကိုယ့်ဘဝကို မြင့်တင်ပေးသလား၊
ဆွဲချတွေလား။
ဒါကတော့ သိပြီးထားဖြစ်မယ်။
ကိုယ့်ဘဝရဲ့ ideal partner က
ဘယ်လိုမျိုးလဲ။
သူနဲ့ နီးစပ်၊ အဆင်ပြေဖို့
ဘယ်အရာတွေက အတားအဆီးဖြစ်နေစေလဲ။
ဒါကတော့ အားတီ၊ အားမေတို့အတွက်။
ကိုယ့်ဘဝမှာ အခုအချိန်ထိ
ကိုယ်ဂုဏ်ယူတဲ့ ဆွတ်ခူးမှုကဘာတွေလဲ။
ကိုယ့်ဘဝမှာ ကျေးဇူးအတင်ဆုံး
အရာတစ်ခုကဘာများဖြစ်မလဲ။
ကိုယ့်ဘဝမှာ အရေးအကြီးဆုံးသူက
ဘယ်သူဖြစ်မလဲ။
လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့်ကိုကိုယ်
အကြံတစ်ခုပေးရမယ်ဆို
ဘာအကြံပေးမလဲ။
ဒါနဲ့ ကိုယ်ဘယ်သူလဲ။
ကိုယ့်အတွက် အကောင်းဆုံး ideal အလုပ်အကိုင်က
ဘာအလုပ်အကိုင်များဖြစ်မလဲ။
တစ်သက်လုံး free လုပ်ရမယ်ဆိုရင်တောင်
ကိုယ်လုပ်နေမည့်အရာက ဘာဖြစမလဲ။
နောက်သုံးနှစ်မှာ ဖြစ်လာမည့်
ကိုယ့်ကိုကိုယ် ဘာပြောချင်လဲ။
ကိုယ်နဲ့ ထိုက်တန်တဲ့ဘဝထက်
အောက်ကျပြီး နေနေသလား။
ဘယ်အတွေးအခေါ်တွေက
ကိုယ့်ကို ဘရိတ်ကပ်နေစေလဲ။
ကိုယ့်ရဲ့ အနာဂတ်အမြင်ကဘာလဲ။
အနာဂတ်မှာ အောင်မြင်မှုမြန်နှုန်းမြင့်ဖို့
ဘယ်လို ယုံကြည်မှုတွေလိုသလဲ။
အခု ဘာတွေကို စိုးရိမ်နေသလဲ။
ဒီစိုးရိမ်မှုက နောက်သုံးနှစ်နေရင်
အရေးပါအုံးမလား။
ကိုယ့်ကိုကိုယ် စောက်ရမ်းကြွေတဲ့
အချက်တစ်ချက်က ဘာလဲ။
အဲ့လိုမေးခွန်းတွေနဲ့ self-exploration questions တွေ
မိုက်တယ်။
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင်
အနည်းနဲ့အများတော့ ပြန်မြင်လိမ့်မယ်လို့ယူဆတယ်။
Phyo Paing @ Derek