Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တက်ကျမ်း = Self-help

သေချာလေ့လာဖူးရင် တက်ကျမ်းလို့ခေါ်တဲ့
self-help တွေရဲ့ သမိုင်းကြောင်းသိလိမ့်မယ်။
ဒီ genre အမျိုးအစားပေါ်လာတာက
လူတွေရဲ့ စိတ်ခံစားမှုတွေ၊ အချိန်တွေ၊
ဘဝတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊
ငွေကြေးစီမံခန့်ခွဲမှုတွေ၊ စဥ်းစားတွေးခေါ်မှုစနစ်တွေ
တိုးတက်လာဖို့ဖြစ်တယ်။

တက်ကျမ်းလို့ ပြောလိုက်ရင်
comfort zone ထဲကထွက်လို့အော်တဲ့
motivational speaker ငနဲလောက်မြင်တာ။​

အမှန်တော့ self-help တက်ကျမ်းရဲ့
မူရင်းအဓိပ္ပာယ်က ကိုယ့်ပြဿနာကိုယ်ရှင်း။
ကိုယ့်ပြဿနာကိုယ် သူတပါးအကူအညီမယူပဲ
ဖြေရှင်းဖို့ ဖြစ်တယ်။
ဆေးလိပ်စွဲတာ၊ အဆီပိတ်တာ၊
အရက်စွဲတာ၊ အချိန်ဆွဲတာ၊
ပျင်းရိပြီး ရည်မှန်းချက်ပျောက်နေတာ
ဒါတွေကို ကိုယ်ထူကိုယ်ထဖြေရှင်းဖို့
ဒီ genre အမျိုးအစားက ထွက်လာတာ။

ကျွန်တော်တို့ နိုင်ငံမှာတော့
ပညာရပ်တစ်ခုခုဆို ထဲထဲဝင်ဝင်လေ့လာ
အသုံးချရမည့်အစား ပြစ်တင်ဝေဖန်
ဟားတိုက်တတ်တဲ့ အကျင့်က
ငယ်ကတည်းက အရိုးစွဲခဲ့တဲ့
ကိုယ့်ကိုကိုယ် မသိတဲ့ သိမ်ငယ်စိတ်ကစတယ်။

သူများကြိုးစားပြီး ကိုယ်မကြိုးစားနိုင်ရင်၊
သူများတွေ အောင်မြင်ပြီး
ကိုယ်အောင်မြင်အောင် မလုပ်နိုင်ရင်
ဖြေတွေးလေး တွေးပြီး အပြီးတင်တတ်ကြတယ်။
ဒီအမူအကျင့်က ဘဝကို ပျက်စီးစေနိုင်တယ်။​

အလကားပါကွာတို့။​
ဟာသပါကွာတို့။
အပိုတွေပါကွာ။​
မြန်မာပြည်နဲ့ မကိုက်တာကိုပါကွာတို့။

တကယ်တမ်း self-help movement ကို
စတင်ခဲ့ပြီး New Thought Movement ခေတ်က
စဥ်းစားနည်းဖြင့်ချမ်းသာခြင်း
Think and Grow Rich တို့က အစချီလို့
How to win friends and influence people
လူပေါ်လူဇော်လုပ်နည်းကနေ
ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ တို့လို
personal finance ငွေကြေးစီမံခန့်ခွဲမှု
ဘဝနေထိုင်မှုပုံစံချမှု
4-hours work week တို့ကစလို့
လူတွေရဲ့ power အလုပ်လုပ်ပုံ
48 laws of power တို့အပြင်
The Moments တို့၊​
ဆုံးဖြတ်ချက်ဘယ်လိုချရမလဲ​
Decisive တို့လို စာအုပ်တွေအပြင်
James Clear ရေးတဲ့
Atomic Habits တို့
Charles duhigg ရေးတဲ့ ကမ္ဘာကျော်စာအုပ်
The Power of Habits တို့
စွမ်းဆောင်ရည်မြင့်ဖို့
Robin Sharma ရေးတဲ့
5 AM Club တို့ဆိုတာ Sပေါတွေမှမဟုတ်တာ။

နောက်ဆုံး စောက်ဂရုမစိုက်ခြင်းအနုပညာ
Mark Manson ရေးတဲ့
The Subtle Art of Not Giving a F*ck ကလဲ
တက်ကျမ်းမဟုတ်ဘူးပြောတဲ့တက်ကျမ်းပဲ။

တက်ကျမ်းဆိုတာ မကောင်းဘူးဆိုတာ
အဲ့လူ သေချာမသိလို့ပဲ။
အရာရာမှာ ကောင်းတာ၊ ဆိုးတာရှိတာပဲ
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​