အပ်ထွက်ထွင်းရမည့်ကိစ္စကို
ပုဆိန်နဲ့ မခုတ်မိဖို့နဲ့၊
ပုဆိန်နဲ့ ခုတ်ရမည့်ကိစ္စကို
အပ်နဲ့ မထွင်းမိဖို့။
ကိုယ်က အမှန်တရားကို
အရင်တွေ့အောင်ရှာမလား၊
အမှန်တရားက နောက်မှ
ကိုယ်ကို့လာတွေ့မလား။
သွေးပူပူနဲ့ လုပ်မိလုပ်ရာလုပ်ပြီး
သွေးအေးအေးနဲ့ နောင်တရမလား၊
သွေးအေးအေးနဲ့ စဥ်းစားပြီး
သွေးပူပူနဲ့ ဘဝကို မောင်းနှင်မလား။
တခါတလေ ကိုယ်ကကံကြမ္မာကိုရွေးတယ်၊
တခါတလေကျပြန်တော့
ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။
Phyo Paing @ Derek