ကိုယ့်ဘဝကိုယ်
သိပ်စိတ်တိုင်းမကျသေးတဲ့သူတွေက
ဇာတ်ကနေရတတ်တယ်။
ဇာတ်ကားနာမည်က
မထူးဇာတ်။
ဒီအလုပ်၊ အချစ်၊ နေရာ၊ ဘဝမှာ
အဆင်ပြေတယ်လဲမဟုတ်၊
အဆင်မပြေဘူးလားဆိုလဲ
အပြည့်မဟုတ်။
မထူးပါဘူးလေ။
မထူးတော့ပါဘူး။
ဘာတတ်နိုင်မှာလဲ။
ဒီမထူးဇာတ်ကြီးနဲ့ ဘဝကို
ဆက်နေရတတ်တယ်။
ကိုယ့်ရဲ့အတိတ်က
ဆုံးဖြတ်ချက်တွေကြောင့်
ငါ့ထိုက်နဲ့ ငါ့ကံပါပဲ
ကိုယ့်ကိုကိုယ်ပြောတတ်တယ်။
ကိုယ့်အကောင်းဆုံး
ဖြစ်နိုင်တာတွေကိုလဲမြင်တယ်။
လုပ်ဖို့လဲ လူ့ဘောင်ကရှိသေးတယ်။
လူတွေရဲ့အထင်အမြင်ကရှိသေးတယ်။
ဒီလို မထူးဇာတ်ကရင်း
ဇာတ်ပွဲပြီးသွားတဲ့အခါ
ကိုယ်နဲ့ထိုက်တန်တဲ့ ဇာတ်မကလိုက်ရဘဲ
အထူးဇာတ် မင်းသား၊ မင်းသမီးအနေနဲ့
ဘဝအဆုံးသတ်သွားတတ်ကြတယ်။
တခါတလေ ကိုယ့်မသိစိတ်
Intuition ရဲ့နှလုံးသားအသံကို
နားထောင်ကြည့်။
လုပ်သင့်ရင် လုပ်သာလုပ်ချလိုက်။
မထူးဇာတ်က မတူထူးကိုယ်ဆောက်ချင်တဲ့
အိမ်မက်ကို တည်ဆောက်ဖို့က
ကိုယ့်တာဝန်တစ်ခုဖြစ်တတ်တယ်။
Phyo Paing @ Derek