ကိုယ်စတင်တိုးတက်ပြောင်းလဲလာတဲ့အခါ
ရွဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့ ကိုယ့်ကိုဆက်ဆံတဲ့သူတွေ
တွေ့ဖူးလား။
အမှန်တော့ သူတို့လဲမမှားဘူး။
ကိုယ်လဲ မမှားဘူး။
ကိုယ်တိုးတက်ပြောင်းလဲတဲ့အခါ
တချို့အသိတွေအတွက်
စိတ်မလှုံခြုံမှုဖြစ်နေတယ်။
ငါတို့ကျန်ခဲ့ပြီလားဆိုတာဖြစ်စေတယ်။
လူတွေက သူတို့ကို
စိတ်လှုံခြုံမှုပေးတဲ့သူတွေကိုသဘောကျတယ်။
သူတို့အထင်အမြင်ကို ထောက်ခံတဲ့သူတွေကို
သဘောကျတယ်။
ပျော်တတ်၊ ဟာသဥာဏ်ရွင်သူတွေကို
သဘောကျတယ်။
စစ်မှန်တယ်၊ ဟန်ဆောင်မှုကင်းတဲ့သူတွေကို
သဘောကျတယ်။
ယုံကြည်မှုပြည့်ဝတဲ့သူတွေကို
သဘောကျတယ်။
ကိုယ့်အတွက်အကျိုးပြုပေးနိုင်တဲ့သူတွေကို
သဘောကျတယ်။
တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။
Phyo Paing @ Derek