Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တခါတလေ အချိန်ကို ပြင်ဆင်ရင်းစောင့်ရတယ်။

ပျံသန်းဖို့ ပြင်ဆင်နေတာ
အတောင်ပံ မစုံသေးဘူး။

တရုတ်စကားပုံမှာ
时机未到,静待时机” (Shíjī wèi dào, jìng dài shíjī)
အချိန်မကျသေးဘူး၊ အချိန်ကောင်းစောင့်ဦး။
ဒီစကားပုံရှိတယ်။

တကယ်တမ်း ကိုယ်ကပျံသန်းချင်ပေမယ့်
အိမ်စာ လုပ်လို့ မပြီးသေးတာရှိမယ်။

၂၀၁၆ ကတည်းက Akyanpay .com လို
template library ကို ရူးမတတ်လုပ်ချင်တယ်။
ဒါပေမယ့် မလုပ်တတ်သေးဘူး။
၂၀၂၀ မှာ လုပ်တတ်သွားတယ်။

၂၀၁၇ ကတည်းက Facebook Group က
သင်တန်းသင်ရင်း online learning platform
တစ်ခုလုပ်ချင်တယ်။
၂၀၁၉ မှာတော့ wordpress လေး backend လုပ်ပြီး
flutter နဲ့ front-end လုပ်ခဲ့တဲ့ အချိန်တွေ။

အိုင်ဒီယာတစ်ခုကို အမြန်စမ်းသပ်ချင်တယ်
ဘယ်လိုလုပ်ရမလဲမသိဘူး။
Buildfire တို့လို low code platform တွေကလဲ
အရမ်း basic ဆန်လွန်းတယ်။

သုံးလေးနှစ်စောင့်ရင်း
UI/UX, Front-end, backend, database
တဖြည်းဖြည်း လူစုံလာတော့
ကိုယ်စမ်းချင်တာ မြန်မြန်စမ်းလို့ရလာတယ်။

တစ်သက်လုံးရေးလာတဲ့ content တွေအကုန်လုံးကို
website မှာ စုထားတာရှိတယ်။
Replika လို့ ကိုယ်တိုင်ရဲ့ clone AI ထုတ်ချင်တယ်။
အခုကျတော့ ရောင်ချီပြလာပြီ။
Knowledge file ထည့်ပြီး train လို့ရလာပြီ။
နောက် သုံးနှစ်ဆို တော်တော်ကြမ်းပြီ။

တခါတလေ အချိန်ကို ပြင်ဆင်ရင်းစောင့်ရတယ်။

အခုလဲ ပြင်ရင်းစောင့်နေတယ်။

Phyo Paing @ Derek

Share Your Idea!​