၁။ Physical energy အတွက်
အစားအသောက်၊ လေ့ကျင့်ခန်းနဲ့
အိပ်ချိန်လုံလောက်ဖို့လိုတယ်။
၂။ Emotional energy အတွက်
စိတ်ခံစားမှုရေးရာမှာ negative emotion တွေကို
အတတ်နိုင်ဆုံး စီမံခန့်ခွဲနိုင်ရမယ်။
Positive emotion တွေဖြစ်တဲ့
ပျော်ရွင်မှု၊ ရင်ခုန်မှု၊ ဂုဏ်ယူမှု၊
အာရုံစိုက်မှု၊ ကျေးဇူးတင်စိတ်
ဒီခံစားမှုတွေက စွမ်းအားတွေပဲ။
၃။ Mental energy အတွက်
ကျွန်တော်တို့ရဲ့အတွေးတွေကို
သတိပြုရတယ်။
Conscious thought တွေအရေးကြီးတယ်။
စိတ်ထွေပြားဝေဝါးစေတဲ့အရာတွေ၊
အကောင်းတာလုပ်ချင်တဲ့စိတ်တွေ
လျော့ခြင်းအားဖြင့် mental energy တက်စေတယ်။
၄။ Spiritual energy ဒါကအရေးအရမ်းကြီးတဲ့
အပိုင်းပါတယ်။
အောင်မြင်ပြီးမနက်နိုးလာတော့
ဘာလုပ်ရမယ်မသိသူ အများကြီး။
Jme ရဲ့သီးချင်းထဲက စာသားကြားဖူးလိမ့်မယ်။
ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်ရင်ထဲက
ဖြစ်ချင်တာနဲ့ align ဖြစ်ဖို့လိုတယ်။
မဟုတ်ရင် ပိုက်ဆံတစ်ခုတည်းအသက်ရှင်
ဘဝက ဘာအဓိပ္ပာယ်ရှိမှာလဲ။
တစ်ရက်တစ်ရက် အချိန်တွေရှိပြီး
Energy မရှိတာမျိုးမဖြစ်ချင်ရင်
ဒီလေးခုကို သေချာလေး design လုပ်ဖို့လိုတယ်။
Comment မှာ ဒီမနက်ရိုက်ထားတဲ့
YouTube Video တင်ထားပေးတယ်။
Phyo Paing @ Derek