ဆယ်ကျော်သက်အရွယ်မှာကျတော့
မြင်မြင်သမျှ အသစ်ပဲ။
Fresh ဖြစ်နေတယ်။
လောက ကြီးကစူးစမ်းချင်စရာကြီး။
နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့
သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ
အံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။
အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကို
တစ်ဆင့်ချင်းတတ်ဖို့
နည်းလမ်းရှာကြရပြီ။
သုံးဆယ်ကျော်လာတဲ့အခါကျ
ဗိုက်ကလေးက ပူလာပြီ။
စူပါ၊ မနေနေဂျာဖြစ်လာပြီ။
လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်း
နှစ်ဆယ်ကျော်လောက်က
ရခဲ့တဲ့ ဒဏ်ရာတွေနဲ့
တစ်ခုခုဆို မျက်စိမှိတ်
ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။
အသက်လေးဆယ်ကျော်တဲ့အခါ
ကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်း
သိလာပြီ။
အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့
လူရိုသေရှင်ရိုသေ နေရာလေးလည်း
ရလာတတ်တဲ့အချိန်။
လောလောပြီးကနေရတာ
လောကထဲ။
တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။
အမြဲတမ်းစူးစမ်းပြီး
ကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာ
ဘဝ curriculum ကို
ကိုယ်တိုင်တည်ဆောက်ကြတယ်။
အဲ့ဒီ ဘောင်တွေက လူတွေကို
သိုးတစ်ကောင်လိုဖြစ်အောင်
ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲမှုက
ဘောင်ထဲမှာနေပြီး ဖြစ်လာဖို့
မလွယ်ဘူး။
Phyo Paing @ Derek