အလုပ်၊ စီးပွား၊ ငွေကြေး
ရှာဖွေရတဲ့ရည်ရွယ်ချက်အများကြီးထဲမှာ
“လွတ်လပ်မှု” ဆိုတဲ့တစ်ခုပါဝင်တယ်။
မလုပ်ချင်တဲ့အလုပ်ကို
လုပ်စရာမလိုတာလွတ်လပ်မှုပဲ။
မသွားချင်တဲ့နေရာကို
ငွေအတွက်သွားစရာမလိုတာ
လွတ်လပ်မှုပဲ။
မပြုံးပြချင်တဲ့သူကို ထမင်းစားဖို့အတွက်
ပြုံးပြစရာမလိုတာ လွတ်လပ်မှုတစ်ခုပဲ။
မနေချင်တဲ့နေရာမှာ အသက်မွေးမှုအတွက်
နေနေစရာမလိုပဲ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတာ
ရွေးချယ်မှုတစ်ခုပဲ။
ပထမလွတ်မြောက်မှုက
မလုပ်ချင်တာ မလုပ်ရဖို့။
နောက်တစ်ပိုင်းကတော့
လုပ်ချင်တာလုပ်နိုင်ဖို့။
လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့။
သွားချင်တဲ့နေရာ သွားချင်တဲ့အချိန်
သွားနိုင်ဖို့။
တွေ့ချင်တဲ့သူတွေနဲ့ တွေ့နိုင်ဖို့။
လွတ်လပ်မှုကို အကြမ်းသုံးမျိုးပိုင်းကြည့်တယ်။
၁။ မလုပ်ချင်တာ မလုပ်ရဖို့
၂။ လုပ်ချင်တာ လုပ်ရဖို့။
၃။ လုပ်ချင်တာ၊ ရချင်တာ တပ်မက်မှုမရှိတော့ဖို့။
ဘဝဆိုတာ တစ်ဆင့်ချင်းလာရတာပဲ။
မလုပ်ချင်တာ မလုပ်ရဖို့၊
လုပ်ချင်တာလုပ်ရဖို့၊
တပ်မက်မှုတွေအလွန်သွားဖို့
ကုသိုလ်၊ ဥစ္စာ၊ ပညာ တစ်ခုခုတော့
လုံလောက်မှုလိုတယ်။
Phyo Paing @ Derek