လူတွေကို Brainwash လုပ်ထားတဲ့
အရာတွေ အများကြီးရှိတယ်။
Culture ယဥ်ကျေးမှုအရ၊
Social Structure အရတည်ဆောက်ထားတဲ့
role တွေကြားမှာ မတူတဲ့ မျက်နှာဖုံး Mask
တွေနဲ့ ရှင်သန်လှုပ်ရှားကြတဲ့ လူ့ဘဝကြီးမှာ
ကိုယ့် အထာနဲ့ ကိုယ်နေဖို့
Cultural Escape လုပ်ဖို့လိုတယ်။
တချို့ သတ်မှတ်ချက်တွေက
အဓိပ္ပာယ်မရှိတဲ့အတွက်
B.S rules တွေဖြစ်တယ်ဆိုပြီး
စာရေးဆရာတစ်ယောက်က Brule
ဆိုပြီးတောင် ရေးခဲ့တာဖတ်ဖူးတယ်။
ငယ်ငယ်က ဒီအေးချမ်းမှုကို
နေရာစုံမှာ လိုက်ရှာခဲ့ဖူးတယ်။
နောက်ပိုင်းမှာ လူတွေကို ထိန်းချုပ်ထားတဲ့
ကြိုးတွေက လူတွေသတ်မှတ်ထားတဲ့
တချို့ အဓိပ္ပာယ်မရှိတဲ့ Rule တွေဖြစ်တယ်။
ဥပမာ စာကြာကြာအာရုံစိုက်ဖတ်မှ
ပိုနားလည်စေတယ်ဆိုတဲ့ အယူအဆမျိုး။
အနာမခံ အသာမစံဆိုတဲ့ အယူအဆမျိုး။
(နည်းစနစ်မှန်ရင် အနာခံစရာမလိုပါဘူး။)
Professional ပညာရပ်လေ့လာပြီးရင်
တစ်သက်လုံး ဒီအသက်မွေးဝမ်းကျောင်းနဲ့
အသက်မွေးရမယ်ဆိုတာမျိုး။
Artistic ဖြစ်ရင် Science ပိုင်းမှာ
အားနည်းတယ်ဆိုတဲ့ အယူအဆမျိုး။
(Leonardo Da Vin Ci တို့ရဲ့
contribution ကြည့်ရင် မမှန်ဘူးဆိုတာသိမယ်။)
Gym သွားတိုင်း weight ကျတယ်လို့ ထင်တာမျိုး။
Calories များများစားရင် ဝတယ်ဆိုတဲ့
Calories In, out စနစ်မျိုး။
Aging ကို ရပ်လို့မရဘူးဆိုတာမျိုး။
ဒါကို Harvard Professor တစ်ယောက်က
Challenge လုပ်ထားတယ်။
Comment မှာ link ပေးထားတယ်။
တချို့ Rules တွေက ချိုးဖောက်ဖို့လိုတယ်။
အဲ့လို ချိုးဖောက်တဲ့လူတွေကြောင့်
လူသားမျိုးနွယ် တိုးတက်ပြောင်းလဲလာတာ။
သိဒ္ဓတ္ထ မင်းသားအနေနဲ့
ခမည်းတော်ရဲ့ အမွေကို ဆက်မခံပဲ
Rule ကို ချိုးဖောက် တောထွက်ခဲ့လို့
သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို
ရှာဖွေတွေ့ရှိတဲ့ သဗ္ဗညုတဥာဏ်နဲ့
ထိုးထွင်းမြင်ခဲ့ပြီး လူတွေကို
အလင်းဖွင့်ပေးနိုင်ခဲ့တယ်။
Phyo Paing @ Derek