ဘာလုပ်ရင်ကောင်းမလဲ။
ကမ္ဘာပေါ်မှာ
တခြားသူတွေမလုပ်နိုင်ဘဲ
ကိုယ်ပဲလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
မရှိဘူးဆိုရင်
ကိုယ့်နိုင်ငံမှာ
ကိုယ်ပဲလုပ်နိုင်ပြီး
တခြားသူတွေ မလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
မရှိဘူးဆိုရင်
ကိုယ့်မြို့မှာ
ကိုယ်ပဲလုပ်နိုင်ပြီး
တခြားသူတွေ မလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
မရှိသေးဘူးဆိုရင်
ကိုယ့်ရပ်ကိုယ့်ရွာမှာ
ကိုယ်ပဲလုပ်နိုင်ပြီး
တခြားသူတွေ မလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
မရှိသေးဘူးဆိုရင်
ကိုယ့်ကုမ္ပဏီမှာ
ကိုယ်ပဲလုပ်နိုင်ပြီး
တခြားသူတွေ မလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
မရှိသေးဘူးဆိုရင်
ကိုယ့် team မှာ
ကိုယ်ပဲလုပ်နိုင်ပြီး
တခြားသူတွေ မလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
ဘာမှ မရှိသေးဘူးဆို
ကိုယ့်ဖက်က ရှိဖို့
ကျွမ်းကျင်မှုစူပါပါဝါတစ်ခုကို
ပြုစုပျိုးထောင်ဖို့လိုလာပြီ။
ဘဝဆိုတာ တိုက်ရိုက်
ခေါင်းချင်းတိုက်ပြိုင်တဲ့ဂိမ်းမဟုတ်ဘူး။
ညင်ညင်သာသာ
တိုက်ရိုက်မပြိုင်ဘဲ
နိုင်အောင်လုပ်တဲ့ ဂိမ်းတစ်ခုပါ။
ဘဝတိုက်ပွဲမှာ နိုင်ဖို့
ကိုယ့်ရဲ့ competitive advantage
ပြိုင်ရင်နိုင်မည့် အားသာချက်ကို
ရှာဖွေပျိုးထောင်ဖို့လိုအပ်လာတယ်။
Phyo Paing @ Derek