Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တခြား မတူညီတဲ့ ပေါင်းစပ်လို့ရတဲ့
အရာတွေ အများကြီးရှိသေးတယ်

ဘဝက ဗျာ
ဆန် + အုန်းသီး + ကြက်ဥ
ပေးထားတယ်ဆိုပါတော့
မီးဖိုချောင်မှာ ကိုယ်ဘယ်လိုလုပ်မလဲ။

တစ်ယောက်က ကြက်ဥပြုတ်၊
ထမင်းနဲ့ စားရင်စားမယ်။

တစ်ယောက်က ထမင်းနဲ့ ကြက်ဥ
ရောကြော်ပြီး စားရင်စားမယ်။​

တချို့က အုန်းထမင်းလုပ်၊
ကြက်ဥပေါင်းလေးနဲ့ စားရင်စားမယ်။

တခြား မတူညီတဲ့ ပေါင်းစပ်လို့ရတဲ့
အရာတွေ အများကြီးရှိသေးတယ်။

တကယ်လို့ ကိုယ်ကမချက်တတ်ခဲ့ရင်
ချက်တတ်တဲ့သူငယ်ချင်းတွေကို
အုန်းထမင်းလုပ်စားရအောင်၊
ငါအုန်းသီး၊ ထမင်းနဲ့ ကြက်ဥတွေရှိတယ်။
နင်တို့ဘာတွေယူခဲ့မလဲ
အဲ့လိုစီစဥ်လိုက်တာလဲ ဖြစ်ရင်ဖြစ်မယ်။

ကိုယ့်ဘဝလဲ အဲ့လို ပဲဖြစ်နိုင်တယ်။

ကိုယ့်မှာရှိထားတဲ့ ဘဝပေးထားချက်တွေ
ချရေးကြည့်လိုက်။
နောက် ဘာတွေ ပေါင်းစပ်လို့ရမလဲ
စဥ်းစားကြည့်။

ဒါကို Creative Thinking လို့ခေါ်တယ်။​

ဥပမာ ကျွန်တော့်အနေနဲ့ စဥ်းစားကြည့်တယ်။​

ကိုယ်ပြောတဲ့ ဘာသာစကား
ဘဝအတွေ့အကြုံ
လုပ်နေတဲ့ အလုပ်တွေ ပေါင်းစပ်လိုက်တဲ့အခါ
ကိုယ် ဘယ်လို လူမျိုးဖြစ်နိုင်သလဲ။​

ဘဝပေးထားတဲ့ ပြဿနာတွေကို
အကောင်းဆုံး မတူတဲ့ပုံနဲ့
ဖြေရှင်းဖို့ Creative Thinking လိုတယ်။

သူများတွေ လုပ်နေတဲ့ ပုံစံ
တစ်သွေမသိမ်း ကော်ပီကူးလိုက်လုပ်တာက
ကျွန်တော့်ဘဝရဲ့ ရှုံးနိမ့်ခြင်းဆိုင်ရာ
definition ပဲ။

Phyo Paing @ Derek

Share Your Idea!​