တစ်ကမ္ဘာတည်းနေမယ့်
လူတွေရဲ့နေထိုင်နေတဲ့
အလွှာတွေ မတူကြဘူး။
တချို့က အလွှာနိမ့်မှာနေတယ်။
အမြဲ ဒေါသတွေများ
သောကတွေပွားနေတယ်။
ဘဝကို ပေတေနေပြီး၊
တခြားသူတွေကို သဝန်တိုမှုတွေနဲ့
အမြဲအဆိုးမြင်၊
အပြစ်တင် ဘူနေတတ်တယ်။
တချို့က အလယ်လွှာမှာနေတယ်။
မျှော်လင့်ချက်တွေရှိတယ်။
အမြင်ကျယ်ကျယ်ထားတယ်။
စူးစမ်းလေ့လာလိုရှိတယ်။
ရည်မှန်းချက်ပန်းတိုင်ကြီးတွေရှိသလို
စိတ်ပူပန်မှုလေးတွေလဲရှိတယ်။
ကိုယ့်ဘဝရဲ့ ဒဏ်ရာတွေကိုကုစားရင်း
လေ့လာလိုက် ရှေ့ဆက်လိုက်။
တချို့က အလွှာမြင့်မှာနေတယ်။
အေးချမ်းမှု၊ ရက်ရောမှု၊
မေတ္တာနဲ့ ကျေးဇူးတင်တရားတွေနဲ့
ရှင်သန်တယ်။
စျာန်ဝင်တဲ့ဖန်တီးမှုတွေနဲ့
ဘဝကိုဖြတ်သန်းတယ်။
Phyo Paing @ Derek