ဒီနေရာမှာမွေး၊ ဒီနေရာမှာကြီး
ဒီနေရာမှာနေ၊ ဒီနေရာမှာသေ
သမရိုးကျ ဖြစ်တည်မှုကို
မကြိုက်ရင်
နာမခံ အာခံရဲတာ
တစ်ကိုယ်ရည်သတ္တိပဲ။
ဒီဘွဲ့တစ်ခုရ၊ ဒီတစ်ခုနဲ့အသက်မွေး၊
ဒီတစ်ခုနဲ့ သက်ဆုံးတိုင်ဖြတ်သန်း။
ဒီအယူအဆကို မကြိုက်ရင်
နာမခံ အာခံရဲတာ
တစ်ကိုယ်ရည် သတ္တိလို့ပဲမြင်တယ်။
မဖြစ်နိုင်ဘူးလို့ပြောတဲ့အရာတွေ
နာမခံ အာခံပြီး
ကိုယ့်အိမ်မက်ကို မဖြစ်ဖြစ်အောင်
ဇွဲသန်သန်၊ ဥာဏ်ရှိရှိနဲ့
လုပ်ခဲ့တဲ့ သူတွေကြောင့်
ကောင်ကင်မှာ ပျံသန်းလို့ရတဲ့
လေယဥ်ပျံတွေပေါ်လာတယ်။
ညအခါ လသာသာ၊ ဖယောင်းတိုင်မီးတွေက
အလင်းတွေရလာတယ်ဆို မမှားဘူး။
တချို့အခါတွေမှာ
နာမခံ အာခံပြီး
ကိုယ်ယုံကြည်ရာကိုယ်လုပ်နိုင်ဖို့
သတ္တိအကြီးကြီးလိုတယ်။
Being born, growing up, living, and dying in the same place, and the traditional existence that comes with it, can feel limiting to those who dislike it. It’s a matter of individual courage to resist and challenge these norms.
Earning a degree, being nurtured in a certain environment, and facing life’s end with a specific mindset, if one dislikes these predetermined paths, it also takes individual courage to defy and challenge these beliefs.
The things labeled as impossible become possible through the defiance and perseverance of those who refuse to give up on their dreams. Their strong-willed and intelligent efforts lead to inventions like airplanes soaring in the sky. It’s no mistake that lights and fireworks in the night symbolize enlightenment.
Sometimes, it takes a great deal of courage to defy and challenge, and to act upon one’s beliefs.
Phyo Paing @ Derek