Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။

မင်းကွန်းဆရာတော်ကြီးလို
မှတ်ဥာဏ်ကောင်းဖို့
မြန်မာ့တိုင်းရင်းဆေးစနစ်ဖြစ်တဲ့
မြင်းခွါရွက် ပစ္စငါးပါး (Pennywort Roots) နဲ့
နွားနို့နဲ့ရောသောက်ပြီး
စမ်းသပ်မှုတွေလုပ်ခဲ့ဖူးတယ်။

မနက်ထရင် စွမ်းအင်ပေါက်ကွဲမှု
ကောင်းအောင် Virgin Coconut Oil
တစ်ဇွန်းသောက်တာမျိုး
အချိန်တစ်ခုထိ လုပ်ဖူးတယ်။

ဦးနှောက်ကို သွေးပိုရောက်စေတဲ့
ပြည်တွင်းမှာရနိုင်တဲ့
ပြင်သစ် Servier ကုမ္ပဏီကထုတ်တဲ့
အယ်ကာလီယွန်တို့လိုမျိုး
ကျောင်းသားဘဝက
စာမေးပွဲမတိုင်ခင်မှာ စမ်းသုံးခဲ့ဖူးတယ်။

နောက်ပိုင်း Smart drugs တွေ
ဦးနှောက်အားတိုးဆေး Nootropics တွေ
နောက် neurotransmitter တွေ
အားကောင်းအောင် supplement တွေ
စမ်းသပ်ခဲ့ဖူးတယ်။

Tim Ferriss အရင်ကုမ္ပဏီကထုတ်တဲ့
ဆောင်းပိုးနွေမြက် Cordyceps ပါတဲ့
Brainquicken (အခု Bodyquicken) တို့ကို
စျေးကြီးကြီးနဲ့မှာပြီး စမ်းခဲ့ဖူးတယ်။

ကမ္ဘာပေါ်မှာ နာမည်ကြီးတာကတော့
Joe Rogan ပူးတွဲတည်ထောင်တဲ့
Onnit က ထုတ်တဲ့ alpha brain
နောက် neurohacker collectives တို့လို
Qualia mind တို့ အသုံးများလာတယ်။

သူကတော့ cognitive functions ကို
တိုးတက်အောင်လုပ်ပေးတဲ့
supplements ပုံစံသွားတယ်။

Marketing လုပ်တဲ့အခါတော့
Limitless ထဲက NZT-48 တို့လို
သောက်ပြီး အလင်းပွင့်သွားမယ့်ပုံစံ။

တကယ်တော့ Nootropics တွေက
အဲ့လို အလုပ်မလုပ်ဘူး။
ခုသောက် ခုချက်ချင်းကြီး
effect ရပြီး focus ကောင်းသွားတာမဟုတ်ဘူး။
သူက supplements ပဲဖြစ်တယ်။

Silicon Valley ဖက်က tech သမားတွေကတော့
LSD တို့ microdosing တို့လုပ်ကြတယ်တော့
ခဏခဏ ကြားဖူးတယ်။
Steve Jobs ကအစ LSD သုံးတယ်လို့ဖတ်ဖူးတယ်။

ခုနောက်ပိုင်း Psychedelic drug တွေ
ကိုယ့်ကိုကိုယ် ပြန်ရှာဖွေဖို့
spiritual experience အတွက်ဆိုပြီး
တချို့လဲ promote လုပ်လာတယ်။
Magic mushroom, ayahuasca တို့လို။

ရေတို attention နဲ့ focus တိုးဖို့အတွက်
Coffee ကတော့ အကောင်းဆုံးပဲ။
သူကတော့ မသုံးရသေးတဲ့ energy ကို
ကြိုသုံးထားတဲ့သဘောပဲ။
ညနေပိုင်း energy ကို မနက်ပိုင်း
ငှါးသုံးတဲ့ သဘော။

ဒီနောက်ပိုင်းမှာတော့
Smart drug တွေမစမ်းဖြစ်တော့ဘူး။
Behavior ပိုင်းနဲ့ တခြားအပိုင်းတွေနဲ့ပဲ
productivity တက်အောင်လုပ်ဖြစ်တယ်။


Phyo Paing @ Derek

Share Your Idea!​