ဒီနေ့ရဲ့ရည်ရွယ်ချက်က
ဒီတစ်နေ့ကို အကောင်းဆုံးဖြစ်အောင်
ဖြတ်သန်းဖို့ပဲ။
မနက်ဖြန်တွေက မရောက်သေးဘူး။
မနေ့က ပြီးသွားပြီ။
ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ဖို့
ဒီနေ့ပဲရှိတာ။
ကိုယ့်ကိုကိုယ် ပိုနားလည်လာလား။
လူတွေကို ပိုနားလည်လာလား။
ကိုယ့်အလုပ်နဲ့ပတ်သက်လို့ ပိုနားလည်လာလား။
လောကအကြောင်းပိုနားလည်လာလား။
တိုးတက်မှုတွေထဲမှာ
နားလည်သဘောပေါက်မှုက
အခရာတော်တော်ကျတယ်။
လုပ်သင့်ပြီး မလုပ်ဖြစ်တာ
သေချာနားမလည်သေးလို့။
တစ်ခုခုကို သေချာနားလည်သွားတဲ့အခါ
အမြင်တွေရှင်းသွားတယ်။
ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။
Phyo Paing @ Derek