Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင် ကိုယ်က သစ်ပင်မှ မဟုတ်တာ။

ဆယ်နှစ်လောက်ကြိုးစားတာ
မအောင်မြင်ပဲ တစ်ချိန်ကျမှ
ထအောင်မြင်တာမျိုးဖြစ်တတ်တာပဲ။

ကြီးကြီးကျယ်ကျယ် case study တွေကြည့်ရင်
Bill Gates ဆိုလဲ Lakeside မှာ
high school တက်ကတည်းက
computer တွေသုံးလာတာ
Microsoft ဖြစ်လာဖို့ မှန်ကန်တဲ့အချိန်မှာ
မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာတောင်
အချိန် အများကြီးပေးခဲ့ရတာ။

Warren Buffet ဆိုလဲ ဆယ်ကျော်သက်ကတည်းက
ရင်းနှီးမြုပ်နှံမှုတွေလုပ်လာခဲ့တာ
သူ့ဆရာ Benjamin Graham ဆီမှာ
ပညာသင်ခဲ့တာတောင် သူ့ကြွယ်ဝမှု
အများစုက အသက် ၆၅ နောက်မှာဖြစ်တယ်။

Xiaomi ရဲ့ CEO Lei Jun ဆိုလဲ
Kingsoft မှာ ၁၆ နှစ်လောက် အလုပ်လုပ်ခဲ့တာ။
Angel Investing တွေ အများကြီးလုပ်ပြီးမှာ
Xiaomi ဆိုတာ ဖြစ်လာခဲ့တာ။

Jack Ma ဆိုလဲ China Yellow Page တို့
ဘာလို့ လုပ်လိုက် ပြုတ်လိုက်နဲ့
နောက်ဆုံးမှ Alibaba ဖြစ်လာတာ။

Elon Musk ကတော့ပြောမနေနဲ့တော့
အားလုံးသိပြီးတဲ့အတိုင်း။

ဒီလူတွေအကုန်လုံးရဲ့ ဝင်ငွေတိုးတက်မှုက
1 Million, 2 Million, 3 Million
အဲ့လို တိုးတက်တာ မဟုတ်ဘူး။
သူ့အချိန်ရောက် timing ရောက်မှ
ဝုန်းကနည်း စင်ပေါ်ရောက်တာမျိုး။
အဲ့ဒီ tipping point ရောက်ဖို့က
ကံ = အလုပ်၊ ဥာဏ် = အတွေးအခေါ်၊
ဝိရိယ = ဇွဲ + ဒူပေဒါပေ ခံဖို့လိုတယ်လို့
ထင်တာပဲ။

တောမှာမအောင်မြင်ရင် ရွာ၊
ရွာမအောင်မြင်ရင်မြို့
တစ်နေရာမအောင်မြင်ရင် တစ်နေရာ
ပြောင်းလို့ရတာဖြစ်တဲ့အတွက်
ကံကိုပဲ ရိုးမယ်ဖွဲ့ပြောနေတာကတော့
အလုပ်မဟုတ်တော့ဘူး။
တစ်နေရာထဲမှာပဲ တစ်သက်လုံးနေရအောင်
ကိုယ်က သစ်ပင်မှ မဟုတ်တာ။

Phyo Paing @ Derek

Share Your Idea!​