တစ်ယောက်ထဲ ထိုင်နိုင်တဲ့ လူ ရှားတယ်
ဖုန်းမကြည့်ဘဲ
သီချင်းမဖွင့်ဘဲ
ဘယ်သူ့ကိုမှ မခေါ်ဘဲ
တစ်ယောက်ထဲ ငြိမ်ငြိမ် ထိုင်နိုင်လား
လူအများစု မထိုင်နိုင်ဘူး
ဘာလို့လဲ
တိတ်ဆိတ်မှု ထဲမှာ
ကိုယ့်အတွေး ကိုယ် ကြားရလို့
ပုံမှန် ဆူညံနေတဲ့ ဘဝထဲမှာ
အတွေးတွေ ဖုံးကွယ်နေတယ်
ဖုန်း ဖွင့်လိုက် ပျောက်သွားတယ်
လူတွေနဲ့ စကားပြော ပျောက်သွားတယ်
အလုပ်ရှုပ်နေ ပျောက်သွားတယ်
ဒါပေမဲ့ ငြိမ်သက်တဲ့အခါ
ဖုံးကွယ်ထားတာတွေ ပေါ်လာတယ်
ကိုယ် ရှောင်နေတဲ့ အရာ ပေါ်လာတယ်
ကိုယ် မကြည့်ချင်တဲ့ အရာ ပေါ်လာတယ်
ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ ပေါ်လာတယ်
ဒါကြောင့် ဆူညံမှု ကို ရွေးတယ်
ငြိမ်သက်မှု ထက် ဆူညံမှု က လွယ်လို့
ဒါပေမဲ့ ကြီးထွားမှု က ဆူညံမှုထဲ မရှိဘူး
ကြီးထွားမှု က ငြိမ်သက်မှုထဲ ရှိတယ်
Pascal ပြောခဲ့တယ်
“လူသားရဲ့ ပြဿနာ အားလုံးဟာ
အခန်းတစ်ခန်းထဲ တစ်ယောက်ထဲ
ငြိမ်ငြိမ် မထိုင်နိုင်လို့ ဖြစ်တယ်”
တစ်နေ့ ၁၀ မိနစ် စမ်းကြည့်ပါ
ဖုန်းချပါ
မျက်စိ မှိတ်စရာ မလိုဘူး
ဘာမှ မလုပ်ဘဲ ထိုင်ပါ
ကိုယ့်အတွေး ကို ကြည့်ပါ
ပထမ တစ်ပတ် ခက်မယ်
စိတ်မရှည်ဘူး ဖြစ်မယ်
ထရချင်မယ်
ဒါပေမဲ့ ဒီ ၁၀ မိနစ် ထဲမှာ
ကိုယ့်ကိုယ်ကိုယ် တကယ် တွေ့မယ်
ဘဝ တစ်ခုလုံး သူများနဲ့ ဝိုင်းနေပြီး
ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ မတွေ့ဖူးတဲ့ လူ များတယ်
တစ်ယောက်ထဲ ထိုင်ပါ
ကိုယ့်ကိုယ်ကိုယ် တွေ့ပါ။
Phyo Paing @ Derek