(နံပတ်နှစ်အချက်က
ကိုယ့်ကို အံ့အားသင့်သွားစေနိုင်တယ်။
အားတီ၊ အားမေတို့။)
၁။ ပိုပျော်စေတယ်။
မနက်ထလို့ အလင်းနဲ့ထိတွေ့တဲ့အခါ
Serotonin လို့ခေါ်တဲ့ စိတ်ပျော်စေတဲ့
neurotransmitterအာရုံကြောဓာတ်တွေထွက်တယ်။
မနက်ထရင် စိတ်ကြည်စေတယ်။
၂။ အလုပ်ပိုပြီးတယ်။
စောစောထတော့ အချိန်များများရတယ်။
အချိန်များများရတော့ ကိုယ်လုပ်ချင်တာ
များများ လုပ်လို့ရတယ်။
ပုံမှန် ၇ နာရီထနေရာက ၅ နာရီထပြီး
အလုပ်လုပ်ရင် တစ်ရက် ၂ နာရီ အချိန်ပိုထွက်တယ်။
တစ်နှစ်ကို နာရီပေါင်း ၇၃၀။
ဒါကို ရက်အနေနဲ့ပြောင်းရင်
ရက်ပေါင်း ၃၀။ (အတိအကျဆို 30.4167 days)
တစ်လ ပြန်ထွက်လာတယ်။
ဒါကို နေ့စဥ်အလုပ်လုပ်တဲ့ ၈ နာရီနဲ့တွက်ရင်
အလုပ်လုပ်ဖို့ တစ်နှစ်မှာ
သုံးလ ပိုထွက်လာသလိုပဲ။
လူတစ်ယောက်နဲ့ တစ်ယောက်
၃ လ ဆိုတဲ့အချိန်ကွာသွားရင်
ဆယ်နှစ်ဆိုရင် ဘယ်လောက်ကွာသွားမလဲ
စဥ်းစားကြည့်ကြည့်။
(လူတိုင်းက ဖျားတာတွေ ဘာတွေ ရှိနိုင်သေးတယ်။
၃။ ဆုံးဖြတ်ချက်ချတဲ့အခါ ကူညီပေးတယ်။
မနက်ထရင် ခေါင်းကြည်တယ်။
Cognitive performance စဥ်းစားဆုံးဖြတ်ရေးဆိုင်ရာ
အားကောင်းတယ်။
စိတ်အလုပ်လုပ်တဲ့အခါ အားကောင်းတယ်။
ဒါကြောင့် ဘဝမှာ အိမ်မက်တွေ
အကောင်အထည်ဖော်ဖို့၊
လူတွေကို အကျိုးပြုဖို့၊
ကိုယ့်နယ်ပယ်မှာ အုပ်စိုးမှုရဖို့
“တစ်ရက်တာအတွက် မနက်အခါ”
မှာစတင်ပါတယ်။
ဒါကြောင့် ညဥ့်နက်မှ အိပ်တတ်တဲ့
ကိုယ့်ကိုကိုယ် မနက်စောစော
ထတတ်အောင် ကိုယ့်ရဲ့
ဇီဝနာရီ biological clock ကို
လေ့ကျင့်လာတာ နှစ်နှစ်ရှိပြီ။
Phyo Paing @ Derek