တစ်ရက်တာကို အကောင်းဆုံးအသုံးချဖို့ RPM နည်းစနစ်
အောင်မြင်တဲ့သူတိုင်းဟာ ကြိုတင်စီမံခန့်ခွဲကြသူများဖြစ်ကြပါတယ်။ တစ်ရက်တာကို အကောင်းဆုံးအသုံးချဖို့အတွက် ကမ္ဘာ့ထိပ်တန်း Life and Business Strategist ဖြစ်တဲ့ Tony Robbins ရဲ့ သူကိုယ်တိုင်ကျင့်သုံးနေတဲ့ RPM method ကိုဖော်ပြပေးလိုက်ပါတယ်။
RPM ဆိုတာကတော့ results-focused, purpose-driven, massive action plan ဖြစ်ပါတယ်။
အသုံးပြုပုံကတော့
၁။ ဒီနေ့မှာ ကိုယ်တကယ်လိုချင်တဲ့ရလဒ် (Result) ကဘာလဲဆိုတဲ့မေးခွန်းနဲ့စတင်ပါတယ်။
၂။ ဒီ ရလဒ်ဘာကြောင့်အရေးကြီးသလဲဆိုတဲ့ (Purpose) ရည်ရွယ်ချက်ကိုဒုတိယစဥ်းစားရပါတယ်။
၃။ တတိယကျမှ ဒီရလဒ်ကို အကောင်အထည်ဖော်ဖို့ မဖြစ်အနေ အင်တိုက်အားတိုက်လုပ်မည့် massive action plan (MAP) ကိုချရေးပါတယ်။
ကျွန်တော့်ဘဝကို RPM က အကြီးအကျယ်အပြောင်းအလဲလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ဘာတွေလုပ်ရမလဲဆိုတဲ့ to-do list ကိုပဲရေးတာထက် စိတ်ခွန်အား motivation အဆ ၁၀၀ မက ပေးတယ်လို့ကျွန််တော်ခံစားရပါတယ်။
ဥပမာ ကိုယ်က
၁။ ကိုယ့်ရဲ့ personal brand ကို တည်ဆောက်ရမည့် ရလဒ်ကိုချင်တယ် (Result) ဆိုရင် ဒီ ရလဒ်ရဖို့
၂။ အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ ပြိုင်ဖက်တွေထက် နှာတစ်ဖျားသာဖို့၊ လုပ်ငန်းအတွက် အထောက်အကူပြုဖို့၊ အမှတ်တံဆိပ်ကို ပိုမှတ်မိဖို့ အစရှိတာတွေက (Purpose) ဖြစ်ပါတယ်။
၃။ ဒီအတွက် နေ့စဥ် post သုံးချတင်ဖို့၊ နှစ်ရက်တစ်ခါ Video recording လုပ်ပြီးတင်ပေးဖို့၊ content idea တွေစဥ်းစားဖို့ အစအစရှိတာတွေကတော့ massive action plan (MAP) မှာပါဝင်ပါတယ်။
ဒီ plan တွေကို နေ့စဥ်လုပ်သွားမယ်ဆို ကိုယ့်ဘဝနဲ့ လုပ်ငန်းအတွက် အထူးသက်ရောက်မှုရှိစေမှာဖြစ်တဲ့အတွက် sharing လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။
Akyanpay.com မှာ ကိုယ့်ရဲ့ personal, professional and business plan တွေအားလုံးကို ချမှတ်လို့ရပါပြီ။ ယခု RPM method ကိုပါ နေ့စဥ် plan ချပြီး ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်နိုင်အောင် ထည့်သွင်းပေးထားပါပြီ။
#Akyanpay