Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်ရက်တာအတွက် မနက်မှာပြုလုပ်တဲ့၁၀ မိနစ်ဟာ အသက်ပါ။

Motivated ဖြစ်ချင်ရင် စာအုပ်ဖတ်နေရုံနဲ.မရပါဘူး။ သင်တန်းတက်ရင် တစ်ပတ် နှစ်ပတ်သာခံပါတယ်။ Jim Rohn ပြောသလို Motivation ဆိုတာရေချိုးသလို နေ.တိုင်းလုပ်ဆောင်ပေးရပါတယ်။

နေ.စဉ် Motivated ဖြစ်အောင် ဘာတွေလုပ်မလည်း?

Priming

မနက်ထထချင်း မိမိကိုယ်စိတ်နှစ်ပါး peak အထွတ်အထိပ်အဆင့်ရောက်အောင် priming လုပ်ဖို့လိုပါတယ်။ အားကစားသမားတွေ လေ့ကျင့်ခန်းမလုပ်ခင် warm up သွေးပူလေ့ကျင့်ခန်းလုပ်သလိုဘဲ တစ်ရက်တာမစခင်မှာ exercise လုပ်ဖို့လိုပါတယ်။ exercise ဆိုတဲ့နေရာမှာ သာမာန် လေ့ကျင့်ခန်းပါသလို စိတ်လေ့ကျင့်ခန်းလည်းပါပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရာမှာ တစ်ရက်တာရဲ.အကောင်းဆုံးပုံရိပ်ကို visualization လုပ်တာပါသလို တစ်လတာ ရည်မှန်းချက်ကို visualization စိတ်ကူးပုံဖော်တာပါဝင်ပါတယ်။

Priming ပြုလုပ်နည်းများထဲမှာ 3 ချက်ကို ဖော်ပြလိုက်ပါတယ်။

1. Be your goal

ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရဲ. goal ဖြစ်ပါ။ အရာရာပြောင်းလည်းချင်ရင် မိမိကိုယ်ကိုမြင်တဲ့ အမြင် perception မပြောင်းဘဲ ပြောင်းလည်းလို့မရပါဘူး။ ဒါကြောင့် ပထမဆုံးအနေနဲ. မိမိရဲ. self-image or identity ကို အရင်တည်ဆောက်ပြီးမြင်ယောင်ကြည့် နိုင်ပါတယ်။ နေ့စဉ်ပုံဖော်ပါ။

2. Affirmation

ဖြစ်ချင်တဲ့ အရာတစ်ခုကို ထပ်ခါထပ်ခါ ရွတ်ဆိုခြင်း။ ဥပမာ နေ့စဉ်နေ့တိုင်း ကိစ္စအဘက်ဘက်မှာ ပိုပိုပြီး ကောင်းသထက်ကောင်းလာနေပြီ။ Everyday in every way I am getting better and better.

3. Incantation

ကိုယ်ဖြစ်ချင်တဲ့အရာတွေ ရေးထားတာကို ဂါထာလို body movement ဘာ ပါဝင်ပြီး ရွတ်ဆိုတဲ့နည်းလမ်းဖြစ်ပါတယ်။ ဥပမာ All I need is within me now. I am confident. I can do it. Yes. ငါလိုချင်တာတွေအားလုံးပိုင်ဆိုင်ပြီးပြီ။ ငါ့မှာစွမ်းအားတွေရှိတယ်။ ငါအကောင်းဆုံးကြိုးစားမယ်။ အောင်ကိုအောင်မြင်ရမယ်။ YESSSSS!

Phyo Paing @ Derek
(2017 က post ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။)

Share Your Idea!​