Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။

ကိုယ့်အသက်ကို တန်ဖိုးထားရင်
ကိုယ့်တစ်ရက်ကိုလဲ တန်ဖိုးထားဖို့လိုတယ်။

တစ်ရက်တာကို အဓိပ္ပာယ်မရှိ
အလဟသ မဖြစ်ဖို့လိုတယ်။

ကိုယ့်ကို
ပိုပျော်စေတဲ့၊ ပိုတော်စေတဲ့
ဒီနေ့နဲ့ မနက်ဖြန်ဝင်ငွေ ပိုပွားစေမည့်၊
တခြားသူတွေအတွက် အထောက်အကူပြုမည့်
အားထုတ်လုပ်ကိုင်ရတဲ့အလုပ်တွေ
နေ့စဥ်လုပ်ခြင်းနဲ့ ဘဝအဓိပ္ပာယ်ဖန်တီးလို့ရတယ်။

တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။

တစ်နှစ်မှာ ၁၂ လ။
ရက်သတ္တပတ် ၅၂ ပတ်။
ရက်ပေါင်း ၃၆၅ ရက်။
နာရီပေါင်း ၈၇၆၀။
မိနစ်ပေါင်း ၅ သိန်းကျော်။ (၅၂၅၆၀၀)
စက္ကန့်ပေါင်း ၃၁ သန်း။ (၃၁၅၃၆၀၀)

အိပ်ချိန်၊ စားချိန်၊ နားချိန်၊
လည်ချိန်၊ မိသားစုတာဝန်တွေနဲ့ဆို
ကိုယ့်ဘဝမှာ ဖန်တီးချင်တဲ့အရာတွေအတွက်
အချိန် ဘယ်လောက်များရမလဲ။

နှစ်တစ်နှစ်ရဲ့
နာရီပေါင်း ၈၇၆၀ ကျော်ကို
ဘာအနေနဲ့ ပြောင်းမလဲ
ဒီနေ့နဲ့ ဆိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​