တစ်ရက်စာ။
ဒီတစ်ရက်စာကို အရင်စဥ်းစားတယ်။
ငါနေ့စဥ် ဘယ်လို
ဘဝမျိုးနေချင်သလဲ။
ဘယ်လိုမျိုးနေရာမှာ
ဘယ်လိုလူတွေနဲ့ ဝန်းရံမလဲ။
နေ့စဥ် ဘာတွေလုပ်နေချင်သလဲ။
တစ်ရက်တာကို ဘယ်လိုခံစားမှုမျိုးနဲ့
ဖြတ်သန်းပြီး
တစ်ရက်ကုန်သွားတိုင်း
ကုသိုလ်၊ ဥစ္စာ၊ ပညာ
ဘာတွေကျန်ခဲ့မလဲ။
ဒီလိုနေဖို့အတွက်
ကုန်ကျစရိတ်ဘယ်လိုရှိနိုင်မလဲ။
ဘယ်လောက်ဝင်ဖို့လိုမလဲ။
တစ်ရက်စာပြီးရင်
တစ်သက်စာ စဥ်းစားဖို့လိုလာပြန်တယ်။
ကမ္ဘာကြီးဘယ်လိုအခြေအနေဖြစ်ဖြစ်
ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝပုံစံဖြစ်တဲ့
ဘဝရဲ့ ဇိမ်ခံပစ္စည်း luxury ဖြစ်တဲ့
လွတ်လပ်မှုနဲ့ အေးချမ်းမှုရဖို့
စိတ်ကို ဘယ်လိုထားဖို့လိုမလဲ။
ဘာတွေပြင်ဆင်ဖို့လိုမလဲ။
အနာဂတ်မှာ ကိုယ့်ကို
ဒုက္ခပေးနိုင်မည့်အရာတွေက
ဘာတွေရှိနိုင်မလဲ။
ကိုယ့်အတွက် အဆိုးဆုံးဖြစ်နိုင်ခြေ
ဘာတွေရှိနိုင်မလဲ။
ဒါတွေကို ဖြစ်လာတဲ့အခါ
ဘယ်လို ရင်ဆိုင်မလဲ။
မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။
ဘဝမှာ ကိုယ့်အနာဂတ်ကို
define လုပ် အဓိပ္ပာယ်ဖွင့်မည့်အရာက
ကိုယ့်ဘဝရဲ့ ပုံစံ
design ပဲ။
တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။
Phyo Paing @ Derek