Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တစ်သက်မှာ တစ်ခါ
လူလာလုပ်တာ ပျော်ရွင်ဖို့အရေးကြီးတယ်။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
တစ်ခါလောက်တော့
ကျန်းမာသန်စွမ်း အင်အားပြည့်တဲ့
ခန္ဓာကိုယ်တော့ ပိုင်ဆိုင်သင့်တယ်။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
ကိုယ့်ကြောင့် လူတွေဘဝ
ကောင်းကျိုးတွေရှိသွားရမယ်။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
သမိုင်းပေးတာဝန်တစ်ခုတော့ရှိရမယ်။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
အမှားတွေ လုပ်ရမှာကြောက်ရင်
ဘာမှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
ငွေကြေးလွတ်မြောက်မှုလေးတော့
ရှိထားမှ ရမယ်။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
ဘဝမှာ အရာရာ All-in လုပ်ပြီး
ရည်မှန်းချက်တစ်ခုအတွက်
တုံးတိုက်တိုက် ကျားကိုက်ကိုက်
လုပ်ဖူးတဲ့ အရသာလေးတော့သိရမယ်။

တစ်သက်မှာ တစ်ခါ
လူလာဖြစ်တာ
ပျော်ရွင်ငြိမ်းချမ်းမှု
အရသာကို တော့ သိသွားရမယ်။

ဒါကြောင့် အဆင်မပြေတဲ့အရာတွေကို
ပြောင်းလဲရမှာ၊
ရပ်တမ်းကရပ်ရမှာ ကြောက်နေလို့မရဘူး။

Phyo Paing @ Derek

Share Your Idea!​