တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။
နောက်နှစ်ငါးဆယ်ဆို
အခုကိုယ့်ဘေးကလူအများစုလဲ
ရှိကြတော့မှာ မဟုတ်ဘူး။
လူသားအတွေ့အကြုံကို
ကြုံတုန်းဆုံတုန်းခဏလာတွေ့ကြတာ။
အသက်ရှင်တုန်းမှာ
အသက်ဝင်နေဖို့လိုတယ်။
အာရုံခြောက်ပါး အလုပ်ကောင်းကောင်းလုပ်ဖို့လိုတယ်။
အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေး။
ဒါတွေကို သိနေဖို့လိုတယ်။
တစ်ခဏအရာကို ထာဝရလို့မခံစားပဲ၊
လူသားအတွေ့အကြုံကို
သိမြင်ခံစားနိုင်ဖို့လိုတယ်။
လူတွေရဲ့ ရာခိုင်နှုန်းတစ်ခုက
အသက်လာရှင်ပြီး
တခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်၊
လောင်လိုက်နဲ့
အသက်ဝင်ဖို့ မေ့သွားကြတယ်တဲ့။
နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေထဲက
အသက်ရှင်ပြီး အသက်ဝင်လို့ရတယ်။
ဒီလိုဖြစ်ဖို့ ကားတစ်စီးရွေ့လျားတဲ့အခါ
alignment အလိုင်းမန့်ညီဖို့လိုတယ်။
အသိ၊ အတွေး၊ အကြံအစီ၊ အလုပ်
တစ်သားတည်းကျအောင်ချိန်ငြိဖို့လိုနိုင်တယ်။
Phyo Paing @ Derek