Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ်

လူဆိုတာ ကောင်းတာမှ မဟုတ်ဘူး
မကောင်းတာလဲ လုပ်ချင်စိတ်
အနည်းနဲ့အများရှိတတ်ကြာတာပဲ။
ကိုယ့်အတွက် ရေရှည်မကောင်းမှန်း
သိပေမယ့် တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ်။

ဒီ တဒင်္ဂသာယာမှုတွေကို
ထိန်းချုပ်နိုင်တဲ့ စိတ်က
ကိုယ့်ရဲ့ရေရှည်ဖြစ်ချင်တဲ့
အရာတွေကို အကောင်အထည်ဖော်ဖို့
အများကြီး အထောက်အကူပြုတယ်။

ဒီသဘောတရားကို
အကြံဥာဏ်ဖြင့်ကြီးထွားခြင်း
Think and Grow Rich စာအုပ်မှာလည်း
Sexual energy transmutation
ဆိုပြီး ရေးခဲ့တယ်။

လူတိုင်းမှာရှိတဲ့ Energy ကို
ဘယ်နေရာမှာ အသုံးချမလဲဆိုတာ
သေမလောက် အရေးကြီးတယ်။
အရေမရ အတင်းအဖျင်းပြောမလား၊
အလဟဿ ဖြုန်းပစ်မလား
အရေးကြီးတဲ့ အရာတစ်ခုကို
ဖန်တီးဖို့၊ အကောင်အထည်ဖော်ဖို့
အသုံးပြု မလားအရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​