Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်

ဘဝမှာ အထာကျကျနေရဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု
တစ်ခု လိုကောင်းလိုနိုင်တယ်။
ဒါကို mastery လို့ခေါ်တယ်။

လူတိုင်းမှာ မွေးရာပါ
အားသာချက်တွေရှိတယ်။

လူတွေလိုအပ်နေတဲ့ပစ္စည်း
အရှာတော်တာဖြစ်နိုင်သလို၊
လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ
ဆရာကျတာလဲဖြစ်နိုင်တယ်။

ဒါမှမဟုတ် နည်းပညာပိုင်း
ကျွမ်းကျင်တာဖြစ်နိုင်သလို၊
ဘာတစ်ခုခုမှားနေလဲဆိုတာ
မျက်စိရှင်တွေ့တာဖြစ်နိုင်တယ်။

ဘယ်ပစ္စည်းကိုဘယ်နားမှာ
ဘယ်စျေးပေါက်နေတယ်ဆိုတာ
ဦးနှောက်ကအလိုလိုထောက်လှမ်း
နေတတ်တာမျိုးဖြစ်နိုင်သလို
မတူညီတဲ့အရာတွေကို
ဆက်စပ်စဥ်းစားနိုင်တာမျိုးလဲ
ဖြစ်နိုင်တယ်။​

ဒီလိုမွေးရာပါ အားသာချက်ကို
ပါဝါဥပဒေသ ၄၈ ခု
48 laws of power ရေးတဲ့
ကမ္ဘာကျော်စာရေးဆရာ
ရောဘတ်ဂရင်း Robert Greene က
natural inclination လို့ခေါ်တယ်။

ဒီ ကိုယ့်မွေးရာပါအားသာချက်ကို
နယ်ပယ်တစ်ခုကို အာရုံစိုက်ရင်းနှီးပြီး
သေချာရှာဖွေပြုစုပျိုးထောင်ပေးနိုင်ရင်
စူပါပါဝါကြီးတစ်ခုဖြစ်လာမယ်။
ကိုယ့်ကိုကိုယ် တန်ဖိုးရှိတယ်။
Special ဖြစ်တယ်လို့ခံစားလာရမယ်။

ဆရာဝန်စိတ်ပညာရှင်ဖြစ်တဲ့
တစ်ကိုယ်ရေတကာယ စိတ်ပညာ
individual psychology ကို တီထွင်ခဲ့တဲ့
အော်စတွီးယန်း Austrian ဖြစ်တဲ့
အဲ့ဖတ်အဒလာ Alfred Adler က
လူတွေရဲ့ အပြုအမူဟာ
ပေါင်းသင်းဆက်ဆံရေးမှာ
အောက်ကျနောက်ကျဖြစ်တဲ့ ခံစားချက်
feeling of inferiority ကို
ကျော်လွှားချင်ရာမှလာတယ်လို့ဆိုတယ်။

တချို့လူတွေက ဒီသိမ်ငယ်စိတ်၊
အားငယ်စိတ်၊ အောက်ကျနောက်ကျဖြစ်စိတ်ကို
ကျော်လွှားဖို့ တခြားသူတွေရဲ့
အောင်မြင်မှုကို ဟာသအနေနဲ့ ဟားတိုင်တာ
ပြောင်တာမျိုးလုပ်ပြီး ကျော်လွှားကြတယ်။

တချို့တွေက အောင်မြင်နေတဲ့သူကို
ကြည့်နေ ဘယ်အချိန်အောက်ပြုတ်ကျမလဲ
ဒီစိတ်ထားနဲ့ ကြည့်ပြီး အောက်ကျနောက်ကျစိတ်
inferiority ကို ကျော်လွှားတာရှိတယ်။

ဒါကို ဒေါ်နယ်ထရမ့်က မဲဆွယ်တဲ့နေရာမှာ
အမေရိကားမှာ လူဖြူဖြစ်ပြီး နေရာမရတဲ့
အောက်ကျနောက်ကျခံစားနေရတဲ့လူတွေကို
white supremacy အဖြူတွေကကြီးမြတ်တယ်ဆိုတဲ့
ခံစားချက်ထည့်ပြီး မဲဆွယ်တယ်ဆိုတဲ့
စွပ်စွဲခံရတာကို ကြားဖူးပါလိမ့်မယ်။​

အန်ဒရူးတိတ် Andrew Tate လိုလူက
ရိုမေးနီးယား Romania မှာနေပြီး
တစ်ကမ္ဘာလုံးက အားငယ်စိတ်ဓာတ်ကျ
အောက်ကျနောက်ကျတယ်ခံစားရတဲ့
အားတီလေးတွေကို ဟေ့ကောင်တွေ
အားငယ်စရာမဟုတ်ဘူး ပိုက်ဆံရှာ၊
မိန်းမဆိုတာ အရေးမကြီးဘူးဆိုပြီး
သူတို့ရဲ့ ဖြစ်တည်မှုကိုဂုဏ်ယူအောင်
ဒီစိတ်ပညာအသုံးပြုသွားတာ
လူ့ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်တယ်
Toxic ဖြစ်တယ်ဆိုပြီး လူမှုကွန်ယက်
social media တွေက ထုတ်ပယ်ခံရပြီး
ဖမ်းပြီးစစ်ဆေးခံရတဲ့အထိပဲ။

ဒီ သိမ်ငယ်စိတ်ကို ကောင်းတဲ့ဖက်မသုံးနိုင်ရင်
ဘဝတစ်ခုလုံး ဒုက္ခရောက်သွားနိုင်တယ်။​

ပညာရပ်တစ်ခုမှာ တစ်ဖက်ကမ်းခပ်
ကျွမ်းကျင်ခြင်းက အက်ဖက်အဒလာ
Alfred Adler ရဲ့အဆိုအရဆို
ဆရာကျတယ် sense of superiority
တစ်ခုကို ပေးတယ်။
ဒါက အောင်မြင်မှုရဲ့ လမ်းစလဲဖြစ်နိုင်တယ်။​

ဒါကို အကြံဥာဏ်ဖြင့်ကြီးပွားခြင်း
Think and Grow Rich မှာ
နပိုလီယံဟေး Napoleon Hill ကလဲ
Specialized knowledge တစ်ဖက်ကမ်းခပ်
ကျွမ်းကျင်တဲ့ အသိပညာလိုတယ်လို့ဆိုတယ်။​

ကမ္ဘာကျော်စာအုပ်နောက်တစ်အုပ်ဖြစ်တဲ့
ကိုယ်တော်လွန်းလို့ လူတွေလျစ်လျူရှုလို့မရဘူး
So Good They Can’t Ignore You စာအုပ်မှာ
စာရေးဆရာလဲဖြစ်၊ ကွန်ပြူတာသိပ္ပံပါမောက္ခလဲဖြစ်တဲ့
ကဲ နယူးပေါ့ Cal Newport က
အသက်မွေးဝမ်းကြောင်းအရင်းအနှီး
Career Capital တည်ဆောက်ပါလို့ဆိုတယ်။

ကိုယ့်ရဲ့ အိမ်မက်ထဲကအလုပ် Dream Job ကို
ရှာနေတာထက်
နယ်ပယ်တစ်ခုကို အာရုံစိုက်
အချိန်ပေး၊ ဇွဲသန်ပြီး လေ့ကျင့်ပြီး
စျေးကွက်မှာလိုအပ်နေတဲ့ ကျွမ်းကျင်မှုမှာ
ဆရာကျထားဖို့လိုတယ်လို့ဆိုတယ်။​
ဒါက တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရမယ်
Mastery ဆိုတဲ့ သဘောတရားပဲ။

နောက် ကမ္ဘာကျော်စာရေးဆရာဖြစ်တဲ့
မာကွမ်းကလပ်ဝဲ Malcolm Gladwell ရဲ့
Outlier စာအုပ်မှာလဲ
ကျွမ်းကျင်မှု အတတ်ပညာတစ်ခုမှာ
ဆရာကျဖို့ဆို နာရီပေါင်း တစ်သောင်း
အနည်းဆုံးလေ့ကျင့်ရတယ်လို့ဆိုတယ်။​
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့
ပီယာနိုတီးတဲ့သူတွေ၊ ဦးနှောက်ခွဲစိတ်တွေ
သူတို့အနေနဲ့ နာရီပေါင်း တစ်သောင်းအနည်းဆုံး
ပေးပြီး သေချာလေ့ကျင့် deliberate practice
လုပ်ခဲ့ကြတယ်လို့ဆိုတယ်။​

တချို့ကျတော့ ဒီနေ့ခေတ်မှာ
Specialist-Generalist ဖြစ်ဖို့လဲလိုတယ်လို့ဆိုတယ်။​
နယ်ပယ်တစ်ခုမှာ ဆရာကျ
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပြီးသွားရင်
လောကကြီးဘာဖြစ်နေတယ်
သူနဲ့ ဆက်စပ်တဲ့ အရာတွေကိုလဲသိဖို့လိုတယ်။

ဒါကို ဒီနေ့ခေတ် ကျွန်တော်တို့ မားကတ်တင်း
နယ်ပယ်မှာဆိုရင် T-shaped marketer
တစ်ခုခုကိုလဲ သေချာထဲထဲဝင်ဝင်
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တယ်။
နောက်သူနဲ့သက်ဆိုင်တဲ့နယ်ပယ်ကိုလဲ
နှံနှံစပ်စပ်သိတယ်။

ဒီတော့ သေချာတာတစ်ခုက
ဘဝမှာ နေပျော်ပြီး အထာကျကျ
အဓိပ္ပာယ်ရှိရှိဖြတ်သန်းချင်ရင်
တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့လိုတယ်။

တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုတစ်ခု
လိုကောင်းလိုနိုင်တယ်
အားတီ၊ အားမေတို့ရေ။

Phyo Paing @ Derek

Share Your Idea!​