လိုချင်တာတွေ ရဖို့
တန်ရာတန်ကြေးပေးဖို့လိုတယ်။
ကျန်းမာကြံ့ခိုင်ဖို့
အစားအသောက်နဲ့ လေ့ကျင့်ခန်း
တန်ရာတန်ကြေးပေးဖို့လိုတယ်။
ဘဝတိုးတက် ဥာဏ်ထက်ဖို့
တန်ရာတန်ကြေးပေးဖို့လိုတယ်။
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့
အသက်မွေးဝမ်းကျောင်း
အတတ်ပညာရှိဖို့
တန်ရာတန်ကြေးပေးဖို့လိုတယ်။
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
တန်ရာတန်ကြေးပေးဖို့လိုတယ်။
အချောင်စိတ်နဲ့ မရဘူး။
တန်ရာတန်ကြေးပေးမယ်ဆိုတဲ့
ခံယူချက်နဲ့ လုပ်ရပ်လိုတယ်။
Phyo Paing @ Derek