တရားရတယ်ဆိုတာ
အမှန်တရားကို တဆင့်မြင့်
နားလည်သွားတဲ့အခါ သုံးကြတယ်။
လူတွေနဲ့ပတ်သက်လို့ တရားရတယ်။
လောကသဘာဝအရ တရားရတယ်။
တရားဆိုတာ
အမှန်တရား၊
တရားမျှတမှု၊
သဘောတရား၊
တရားရေးရာ၊
တရားဓမ္မ
ဒီလိုမျိုးအသုံးပြုကြတယ်။
တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။
သိတာနဲ့ နားလည်သဘောပေါက်
နှလုံးသွင်းနိုင်တာ
တူမလိုနဲ့ မတူပါဘူး။
လောကဓံရှစ်ပါးနဲ့
ဥပက္ခာတရားကို
လူတိုင်းနီးပါးသိကြတယ်။
လူတိုင်းနီးပါးနှလုံးမသွင်းနိုင်ကြဘူး။
လူတွေက
၁။ ငွေ
၂။ စိတ်ခံစားချက်
၃။ ဂုဏ်
၄။ တရား
ဒီလေးခုနောက်လိုက်တတ်ကြတယ်။
နောက်ဆုံးမှာ တရားနဲ့ဆုံးတတ်ကြတယ်။
Phyo Paing @ Derek