ဒေါ်လာစျေးတွေတက်တယ်။
စီးပွါးရေးလုပ်လို့မရဘူး။
တခြားဘယ်နိုင်ငံကိုပဲ migrate လုပ်ရင်
ကောင်းမလဲ၊ ဘာတွေဆက်လုပ်ရမလဲ။
အနာဂတ်က လှဖို့မရှိဘူး။
ဒါတွေစဉ်းစားပြီး
အကြောက်တရားဝင်လာတဲ့အခါ
လူတွေရဲ့ အတွေးက မသေချာမရေရာမှု
အကြောင်းတွေနဲ့ စိတ်နဲ့လူမကပ်ဖြစ်တတ်တယ်။
အရေးအကြီးဆုံးက downside risk
အဆိုးဆုံးဖြစ်နိုင်တာကို ပြင်ဆင်ထားပြီး
အကြောက်တရားခံစားချက်အစား
ကိုယ့်ဘဝရဲ့ Vision ကို ပုံဖော်ပြီး
သွားမည့် လမ်းကြောင်းစဉ်းစားဖို့ပဲ။
တချို့လမ်းကြောင်းတွေက
ဘဝသတ်မှတ်ချက်ကြောင့်
ခုန်ပျံကျော်လွှားသွားလို့ မရဘူး။
တစ်ဆင့်ချင်း စိတ်ရှည်ရှည်နဲ့သွားရတယ်။
Phyo Paing @ Derek