တိုက်ရိုက်ပြိုင်တယ်ဆိုတာ
ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။
ဦးနှောက်မရှိရင်
ဂျိုချင်းခွေ့မယ်။
ဟိုဖက်က စျေးလျော့ရင်
စျေးလိုက်လျော့မယ်။
တဖက်က ဒါလုပ်
ကိုယ်လိုက်လုပ်မယ်။
ရေတိုကြည့်တဲ့အပိုင်းမှာပဲ
စဥ်းစားပြီး
အစီအစဥျတကြ စဥျးစားထားပွိး
တစ်ကွက်ချင်းရွေ့တဲ့
ကစားကွက်မရှိတဲ့သူမျိုးမှာ
တိုက်ရိုက်ပြိုင်တာကိုတွေ့ရတတ်တယ်။
စိတ်ခံစားမှုနဲ့စဥ်းစားတယ်။
အထင်အမြင်ကိုရှေ့တမ်းတင်တယ်။
ငါ့ကိုဒါလုပ်
ချက်ချင်းဒါပြန်လုပ်မယ်လို့စဥ်းစားတယ်။
ထိပ်တိုက်ရင်ဆိုင်ဖို့ကိုပဲအားပြင်တတ်တယ်။
မဟာဗျူဟာရဲ့အခြေခံက
“မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့”ပါ။
ကုမ္ပဏီကြီးတွေက
ဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။
Apple ထုတ်ကုန်တွေမှာ
Google Search ကိုထည့်ထားတဲ့အတွက်
တစ်နှစ်ကို Google က
Apple ကို ဘီလီယံနှစ်ဆယ်ကျော်ပေးရတယ်။
တစ်ဘီလီယံ သန်း ၁၀၀၀ ရှိတယ်။
ဘာကြောင့်လဲ။
Apple က သူကိုယ်တိုင်
ရှာဖွေရေးအင်ဂျင် Search Engine
ထုတ်မည့်အစား
Google ကိုသုံးတာ
သူ့အတွက် ပိုကိုက်တယ်။
နောက်ဒါက သူအထူးပြုတဲ့နေရာမဟုတ်ဘူး။
Apple က consumer tech ကိုသွားတယ်။
Microsoft က လုပ်ငန်းတွေရဲ့နည်းပညာပံ့ပိုးမှုကိုသွားတယ်။
Google က ကမ္ဘာ့သတင်းအချက်စီးစဥ်မှုကို
ကြော်ငြာလုပ်ငန်းမော်ဒယ်နဲ့သွားတယ်။
Meta က လူမှုကွန်ယက်ပိုင်းသွားတယ်။
အကုန်လုံးကတော့ ပြိုင်ရတယ်။
ဒါပေမယ့် တိုက်ရိုက်မပြိုင်ကြဘူး။
ကိုယ့်ရဲ့ အားသာချက်
“ပြိုင်ရင်နိုင်မည့်”
competitive advantage ကို
သေချာအသုံးပြုတယ်။
မနိုင်နိုင်ရင် မပြိုင်နဲ့။
If you don’t have competitive advantage,
don’t compete တဲ့။
GE (General Electrics) မှာ
ခေါင်းဆောင်တွေအများကြီး
မွေးထုတ်ပေးခဲ့တဲ့ Jack Welch က
ဆိုခဲ့တယ်။
မဟာဗျူဟာ
အကွက်ရွေ့နိုင်ဖို့အတွက်
အကွက်မြင်ဖို့အရေးကြီးတယ်။
အကွက်မြင်နိုင်ဖို့
အတားအဆီးလေးခုရှိတယ်။
ဒါကို ဂျက်မာက
လူတွေဘာကြောင့်ကျဆုံးလဲဆို
လေးချက်ကြောင့်ပဲတဲ့။
မမြင် 看不见
မသိနားမလည် 看不懂
မထိမျက်မြင်လုပ် အထင်မကြီး 看不起
မမှီတော့ဘူး ရထားကြီးထွက်သွားပြီ 来不及了 တဲ့။
မြင်နိုင်ဖို့ဘာလိုသလဲ။
မြင်နိုင်ိဖို့ ပညာသင်ဖို့လိုတယ်။
ပညာသင်မှ
မြင်မယ်။
မြင်မှ မှားနေတာ
ပြင်နိုင်မယ်။
Phyo Paing @ Derek