တိုးတက်ပြောင်းလဲဖို့
အခက်ဆုံးသူကတော့
“ကိုယ့်အထင်အမြင်ကိုကိုယ်
အမြဲမှန်တယ်ထင်တဲ့သူပဲ။”
Self-awareness အားနည်းရင်
ကိုယ့်ကိုကိုယ် သေချာပြန်မသုံးသပ်နိုင်ဘူး။
ကိုယ့်အထင်အမြင်ကို
ပြန်မဆန်းစစ်နိုင်ဘူး။
ကိုယ့်အထင်အမြင်ကို
အမှန်လို့ထင်တဲ့အခါ
တကယ်ဖြစ်နေတဲ့လောက
reality နဲ့ အမှန်ဆုံးဖြစ်အောင်
မချိန်ငြိနိုင်ဘူး။
လူတိုင်းမှာ ကိုယ့်အထင်အမြင်ရှိတယ်။
လောကမှာ တကယ့်လက်တွေ့
မြေပြင်အခြေအနေရှိတယ်။
အထင်အမြင်နဲ့ မြေပြင်မတူတဲ့အခါ
ကိုယ်ထင်ထားသလိုဖြစ်မှာမဟုတ်ဘူး။
ကိုယ့်အထင်အမြင်က
မြေပြင်နဲ့ အနီးစပ်ဆုံးဖြစ်ဖို့
လိုအပ်ရင် ကိုယ့်အထင်အမြင်ကို
ချိန်ငြိ update လုပ်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek