Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တိုးတက်မှုစက်ဝန်း

သူများအတွက်တော့ မသိဘူး။
ဒါလေးကတော့ ကျွန်တော့်အတွက်
တိုးတက်မှုစက်ဝန်း။

၁။ Struggle ရုန်းကန်မှု

ဘဝမှာ ရုန်းကန်မှုတွေရှိမယ်။
ဒါကတော့ သဘာဝပဲ။
ကိုယ်ရည်မှန်းချက်တွေက
လက်ရှိရှိနေတဲ့ အခြေအနေထက်ကြီးလေလေ
ရုန်းကန်မှုရှိလေလေပဲ။
ဒါကတော့ ကောင်းတဲ့အချက်တစ်ခုလဲဖြစ်နိုင်တယ်။
ပိုနေမြဲ ကျားနေမြဲ မနေချင်တာ၊
ပြင်းပြတဲ့စိတ်ဆန္ဒရှိတာ
ကောင်းတဲ့အချက်ဖြစ်တယ်။

၂။ Search ရှာဖွေခြင်း

လိုချင်တာတစ်ခုရဖို့ ဆုတောင်းတာအပြင်
ရှာဖွေလို့ရတယ်။
မရှာရင် မတွေ့။
ရှာသောသူတွေ့တယ်။
ရုန်ကန်မှုတွေ ကျော်လွှားဖို့ အဖြေရှာ။
အိုင်ဒီယာသစ်တွေ၊ လူတွေ၊
မသိသေးတဲ့ သတင်းအချက်အလက်တွေ၊
ကျွမ်းကျင်သူတွေဆီက အဖြေရှာလို့ရတယ်။

၃။ Solution ရှာတွေ့ခြင်း

အဖြေရှာဖွေတွေ့ရှိတဲ့အခါ
စမ်းသပ်မယ်။
အဆင်ပြေရင် ဒါကိုဇွဲ၊
စဥ်ဆက်မပြတ်သင်ယူလေ့လာမှု၊
အသုံးချမှုနဲ့ ဆက်သွယ်ရင်
ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ
ကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုတွေရလာနိုင်မယ်။

4. Success အောင်မြင်မှု

တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။
လူတိုင်းမှာ ငယ်ဘဝအိမ်မက်တွေရှိတယ်။
ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေရှိတယ်။
ဒါတွေ တစ်ခုချင်းအကောင်အထည်ဖော်နိုင်သလို
သံသရာထဲကထွက်ဖို့လဲ
ရုန်းကန်မှု၊ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်တဲ့အဖြေရှာမှု၊
အံဝင်ဂွင်ကျဖြစ်တဲ့အဖြေတွေ့မှုကတဆင့်
လိုရာခရီးရောက်တဲ့ အောင်မြင်မှုဖြစ်လာနိုင်မယ်။

Phyo Paing @ Derek

Share Your Idea!​