တိုးတက် ဆိုတာ
“တိုး”
“များလာခြင်း၊ ပိုများလာခြင်း” ဖြစ်ပြီး
“တက်” ရဲ့အဓိပ္ပါယ်က
“အထက်သို့ရွှေ့လျားခြင်း၊ မြင့်တက်လာခြင်း”
ဖြစ်ပါတယ်။
အထက်ကိုမြင့်တက်နေမှာ
တိုးပွားမည့် အဓိပ္ပာယ်ဖြစ်ပါတယ်။
တိုးတက်ဖို့အတွက် စိန်ခေါ်မှု challenge လိုတယ်။
ကျွမ်းကျင်မှု skill set အသစ်လိုတယ်။
တွေးခေါ်မှု အသိပညာ knowledge အသစ်လိုတယ်။
လူသစ်တွေနဲ့တွေ့ဖို့ network လိုတယ်။
အိုင်ဒီယာအသစ် new idea လိုတယ်။
ကမ္ဘာကြီးကို မတူညီတဲ့ရှုထောင့်ကကြည့်ဖို့
new perspective လိုတယ်။
ဒါကြောင့် သက်သောင့်သက်သာဖြစ်တဲ့
ပတ်ဝန်းကျင်မှာနေဖို့ထက်
သက်သောင့်သက်သာလဲဖြစ်သလိုလို
မဖြစ်သလိုလို ဖြစ်တဲ့ ပတ်ဝန်းကျင်လိုတယ်။
ဒါက တိုးတက်နေတဲ့သဘောပဲ။
လုပ်နေကျ အလုပ်တွေလုပ်၊
ပြောနေကျ အိုင်ဒီယာဟောင်းတွေထပ်ပြော၊
တွေ့နေကျလူတွေနဲ့ ထပ်တွေ့၊
နေနေကျနေရာမှာ ထပ်နေ။
ဒါက တိုးတက်မှုအတွက်
အကောင်းဆုံး ဖြစ်ဖို့မလွယ်ဘူး။
ဘဝမှာ 100 က စပြီး လျော့သွားတာထက်
0 က စပြီး တက်သွားတာကိုပိုသဘောကျတယ်။
အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲ။
တိုးတက်မှုဆိုတဲ့ အိမ်ငှားခ မပေးနိုင်ရင်
ကန်ချခံရလိမ့်မယ်။
Phyo Paing @ Derek