တုံ့ပြန်မှုတွေရဲ့ တန်ဖိုးကို
နားလည်ဖို့ လိုတယ်။
သက်ရောက်မှုတိုင်းမှာ
တန်ပြန်မှုတွေရှိတယ်။
လုပ်ဆောင်ချက်တိုင်းမှာလဲ
တုံ့ပြန်မှုတွေရှိတယ်။
ဒီတုံ့ပြန်မှုတွေကိုသေချာအလေးပေး
သင်ယူလေ့လာမယ်ဆို
ဘဝအတွက် အကျိုးများစေတယ်။
ငယ်ငယ်ကိုယ့်အဖေ၊ အမေနဲ့
စကားပြောတဲ့အခါ
ဘယ်စကားပြောရင်
ဘာဖြစ်မလဲ ဘယ်လိုတုံ့ပြန်မှုကိုရမလဲ
သေချာလေ့လာထားရင်
လိုချင်တဲ့ တုံ့ပြန်မှုရဖို့
ဘယ်လို ပြောဆိုမှုလုပ်ရမယ်ဆိုတာ
သိလာမယ်။
ဘဝထဲရောက်လာတော့
မတူတဲ့သူတွေကို မတူညီတဲ့ပုံစံတွေနဲ့
ဆက်ဆံတဲ့အခါ
မတူညီတဲ့ တုံ့ပြန်မှုတွေရတာ
သတိထားလေ့လာတဲ့အခါ
လူကြောနပ်တဲ့သူတစ်ယောက်ဖြစ်လာမယ်။
လုပ်နေကျအတိုင်းလုပ်နေပြီး
မတူညီတဲ့ရလဒ်ကို မျှော်မှန်းနေတာ
ရူးသွပ်မှုလို့ အိုင်စတိုင်းကဆိုခဲ့ဖူးတယ်။
ဒါကြောင့် တုံ့ပြန်မှု တွေကိုလေ့လာပါ။
လိုချင်တဲ့ တုံ့ပြန်မှုရဖို့
ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကို
အက်ဒိတ် update လုပ်စရာရှိ လုပ်ပါ။
Phyo Paing @ Derek