တော်ကီဆိုတာ content ပဲ။
Content ဆိုတာ Social Media မှာတင်တဲ့
စာ၊ ဓာတ်ပုံ၊ video နဲ့အကုန်ပါတယ်။
အတွေးအခေါ်၊ အဖြစ်အပျက်၊
ပုံပြင်၊ ဖြတ်သန်းမှုတွေ
အကုန်ပါတယ်။
လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံး
နှစ်ပိုင်းထဲက တစ်ပိုင်းက Marketing ဖြစ်တယ်။
မားကတ်တင်းဆိုတာ
ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုလိုအပ်ချက်ရှိတဲ့
အလားအလာရှိတဲ့ဖောက်သည်
ကိုယ့်ကို
၁။ သိအောင်
၂။ သဘောကျအောင်
၃။ ယုံအောင်
၄။ စမ်းသုံးအောင်
၅။ ဝယ်အောင်
၆။ ထပ်ဝယ်အောင်
၇။ တခြားသူကိုညွှန်းအောင် လုပ်တဲ့ဖြစ်စဉ်ဖြစ်တယ်။
လူတွေသိ၊ကြိုက်၊ယုံ၊ စမ်း၊ ဝယ်၊ ထပ်၊ ညွှန်းအောင်
အရင်ခေတ်က ကြော်ငြာတွေလုပ်ရတယ်။
ဒီနေ့ခေတ်က ကြော်ငြာနဲ့မရတော့ဘူး။
ဒီနေ့ခေတ်အလုပ်ဖြစ်တဲ့ မားကတ်တင်း
တစ်ခုပဲရှိတယ်။
အဲ့ဒါ Content Marketing (内容营销) ပဲ။
ဒါ မားကတ်တင်းဘိုးအေကြီး
တစ်ယောက်ပြောတာ။
ဒါကြောင့် တော်ကီဆိုတဲ့
Content က လုပ်ငန်းတိုင်းမှာလိုတယ်။
တော်ကီတစ်ခုဖန်တီးဖို့
၁။ အတွေးအခေါ် Brand Philosophy လိုတယ်။
၂။ ကိုယ်ဘယ်သူလဲ Brand Identity လိုတယ်။
၃။ ကိုယ့်ပုံရိပ်ကို ဘယ်လိုချပြချင်လဲ
Brand Image လိုတယ်။
၄။ ပုံပြင် Brand story လိုတယ်။
၅။ ဘယ်လိုပုံစံစကားပြောမလဲ
Tone of Voice လိုတယ်။
၆။ ဘယ်လိုမဟာဗျူဟာနဲ့သွားမလဲ
Brand Strategy လိုတယ်။
၇။ ဘယ်နေ့မှာ ဘယ်အရာမျှဝေမလဲ
Content Calendar လိုတယ်။
၈။ ဘယ်လို အကြောင်းအရာမျှဝေမလဲ
Content System လိုတယ်။
၉။ တခြားလုပ်ငန်းတွေနဲ့
ဘယ်လိုကွာအောင်လုပ်မလဲ
Sweet Spot ရှာတတ်ဖို့လိုတယ်။
၁၀။ ဘယ်အချိန်မှာ ရောင်းမလဲ
Content Vs Offer Ratio လိုတယ်။
အကုန် ထိုင်ရေးရင် အခု ၂၀၀ ကျော်သွားလိမ့်မယ်။
တော်ကီ မားကတ်တင်း
အောင်မြင် မအောင်မြင်ဘယ်လိုသိမလဲ။
ရှင်းတယ်။
ကိုယ်ပေးချင်တဲ့ message ကို
သတ်မှတ်လူ ဘယ်လောက်များများဆီ
ကုန်ကျစရိတ်ဘယ်လောက်နဲ့ရောက်သလဲ။
ဒါနဲ့ တိုင်းတယ်။
ဖောက်သည်တစ်ယောက်ရဖို့
ဘယ်လောက်ကုန်လဲ။
ဒါကို Customer Acquisition Cost (CAC)
လို့ခေါ်တယ်။
ဖောက်သည် တစ်သက်စာ ငွေဘယ်လောက်
သုံးနိုင်ခြေရှိသလဲ
Customer Life-time Value (CLV)
လို့ခေါ်တယ်။
ဒီနှစ်ခုနဲ့ တိုင်းလို့ရတယ်။
ဒါက တော်ကီ မားကတ်တင်း 101 ပဲ
ရှိသေးတယ်။
ကိုယ့်တိုင်လာပတ်သူတွေကို
ပညာဘယ်လိုပေးမလဲ။
အခြေအနေကြည့် ဘယ်အချိန်
ဘာတင်မလဲ။
တစ်ထောင်တစ်ည သိုင်းကွက်တွေ
မပါသေးဘူး။
Phyo Paing @ Derek