တော်တိုင်းမအောင်မြင်ဘူး။
IQ မြင့်တိုင်း မအောင်မြင်ဘူး။
စမတ်ဖြစ်တိုင်း မအောင်မြင်ဘူး။
ကိုယ်စမတ်ဖြစ်တာကို လူကြောနပ်မှုနဲ့
ပေါင်းစပ်မှ အောင်မြင်မှုဆိုတာဖြစ်လာတယ်။
ဒါကတော့ ကမ္ဘာကျော်စာအုပ်တွေဖြစ်တဲ့
Blink တို့၊ Tipping points တို့ကိုရေးတဲ့
Outliers ရဲ့ စာရေးဆရာ
Malcolm Gladwell ရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်
ဖြစ်ပါတယ်။
Chris Langan ဆိုတဲ့ မြင်းမွေးမြူရေးလုပ်ပြီး
ကိုယ့်ဖာကိုယ်ပညာလေ့လာတဲ့ ပုဂ္ဂိုလ်ဆိုရင်
IQ 195–210 လောက်ရှိပြီး
ကမ္ဘာ့ IQ အမြင့်ဆုံးလူထဲမှာပါတယ်။
သူက အက်တမ်ဗုံး atomic bomb တီထွင်တဲ့
ရူပဗေဒပညာရှင်ဖြစ်တဲ့ Robert Oppenheimer လို
တော်တာပဲ ဘာကွာသွားလဲဆိုရင်
ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ
တော်ရုံနဲ့ မရဘူး၊ လူကြောနပ်ဖို့လဲလိုတယ်။
ကိုယ့် အသိပညာ၊ အတတ်ပညာ၊
ဥာဏ်မပညာကို အသုံးချ leverage လုပ်တတ်မှုလိုတယ်။
သမ္မာကျမ်းစာမှာ Matthew Effect ဆိုတာရှိပြီး
“to those who have, more will be given.” တဲ့။
ချမ်းသာတဲ့သူတွေ ပိုချမ်းသာသွားတာ။
အောင်မြင်တဲ့ သူတွေ ပိုအောင်မြင်တာကို
တွေ့ရလိမ့်မယ်။
ဒီနေ့ခေတ်မှာ အောင်မြင်နေတဲ့
Bill Gates, Mark Zuckerberg, Elon Musk တို့ကို
ကြည့်လိုက်ရင် သူတို့ အရမ်းတော်တဲ့အတွက်
အောင်မြင်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်။
သူတို့တော်တာ မှန်တယ်။
သူတို့လိုတော်တဲသူတွေလဲရှိတယ်။
ဒါပေမယ့် သူတို့ ဘာကြောင့်အောင်မြင်လဲဆို
တော်တာ တစ်ခုတည်းမဟုတ်ပဲ
အသိုင်းအဝိုင်း၊ မျိုးရိုး၊ ယဥ်ကျေးမှုကလဲ
အရေးကြီးတဲ့ အပိုင်းထဲပါတယ်လို့ဆိုတယ်။
Malcolm Gladwell က ကနေဒါကဟော်ကီ
ကစားတဲ့သူတွေနဲ့ ဥပမာပေးတယ်။
သူတို့က ၆ လပိုင်းနောက်ပိုင်းမှာမွေးကြတယ်။
ဒီတော့ ကျောင်းတက်တဲ့အခါ
သူ့ရွယ်သူတွေထက် လပိုင်းပိုကြီးနေတယ်။
ဒီတော့ အသက်အရွယ်အရ တစ်ပန်းသာတယ်။
Professional ဟော်ကီကစားသမားအဖြစ်
အသက်ငယ်ငယ်က ရွေးချယ်ခံရတဲ့အခါ
သူတို့ရဲ့ ရွေးချယ်ခံရတဲ့ အလားအလာပိုများသွားတယ်။
ဒါကြောင့် အောင်မြင်မှုဆိုတာ
ဒီ talent တစ်ခုအပြင်၊
ပြုစုပျိုးထောင်မှု၊ ပတ်ဝန်းကျင်၊ ယဥ်ကျေးမှု၊
အသိုင်းအဝိုင်းပါဝင်တယ်လို့ဆိုတယ်။
ပါရမီပါတိုင်း အောင်မြင်တာမဟုတ်တာကို
ပြိုင်ပွဲတွေ၊ Got Talent အစီအစဥ်တွေမှာ
မြင်ဖူးကြမှာပါ။
ပါရမီပါပြီး ကမ္ဘာကျော်အဆင့်ဖြစ်ဖို့အတွက်ဆိုရင်
deliberate practice တမင်တကာ သေချာလေ့ကျင့်ဖို့လိုပါတယ်။
အနည်းဆုံး နာရီတစ်သောင်းလိုတယ်လို့ဆိုတယ်။
Beetles အနေနဲ့ ကမ္ဘာမကျော်ခင်မှာ
ဂျာမနီ ဟန်းဘတ်မှာလိုက်ဖျော်ဖြေခဲ့တာ
အကြိမ်ပေါင်း ၁၂၀၀ ကျော်ခဲ့တယ်လို့ဆိုပါတယ်။
ဒီပုံစံကို အမေရိကားနည်းပညာမှာ
အရင်ခေတ်က
အောင်မြင်တဲ့ တရုတ်တွေကိုကြည့်ရင်လဲ
သိနိုင်မှာဖြစ်ပါတယ်။
Yahoo ရဲ့ Jerry Yang တို့၊
နောက် အခု Nvidia ရဲ့ Jensen Huang တို့၊
Youtube ရဲ့ cofounder ဖြစ်တဲ့ Steve Chen တို့။
Outliers ထဲမှာ author က
မွေးတဲ့အချိန်နဲ့ အဲ့အချိန်မှာဖြစ်ပေါ်တဲ့အခွင့်အလမ်းနဲ့
ကိုယ့်ရဲ့ ပြင်ဆင်မှုကလဲ
အောင်မြင်မှုပေါ်မှာ အများကြီး သက်ရောက်မှုရှိတဲ့အကြောင်းဆိုတယ်။
ဥပမာ တရုတ်ပြည်မမှာ
အောင်မြင်တဲ့ founder အများစုရဲ့
မွေးသက္ကရာဇ်က 1965 နဲ့ 1970 ကြားမှာ
မွေးကြတာများတာကို တွေ့ပါလိမ့်မယ်။
Jack Ma (Alibaba): September 10, 1964
Pony Ma (Tencent): October 29, 1971
Lei Jun (Xiaomi): December 16, 1969
Robin Li (Baidu): November 17, 1968
ဒီစာအုပ်ကနေ စဥ်းစားစရာအများကြီးရနိုင်တယ်။
ကိုယ်ကြီးပျင်းလာတဲ့ နေရာရဲ့
ထုံးတမ်းစဥ်လာ၊ ယဥ်ကျေးမှု၊
စဥ်းစားတဲ့ပုံစံ၊ အတတ်ပညာနဲ့
ခေတ်ရဲ့ အခွင့်အလမ်း။
ဒါတွေ ချိပ်ဆက်နိုင်မယ်မှာ
အောင်မြင်မှုတည်ဆောက်တဲ့အပိုင်းမှာ
အများကြီး အထောက်အကူပြုနိုင်တယ်။
တရုတ်ရဲ့ နောက်ဂျနရေးရှင်းက
Tik Tok ရဲ့ တည်ထောင်သူ
Zhang Yiming (ByteDance): April 1, 1983.
Cheng Wei (Didi Chuxing): May 19, 1983.
Colin Huang (Pinduoduo): January 11, 1980.
US tech မှာ
Elon Musk: June 28, 1971
Larry Page: March 26, 1973
Mark Zuckerberg: May 14, 1984
Sam Altman: April 22, 1985
ပေးထားတဲ့အခွင့်အလမ်းတွေက
စိတ်ဝင်စားဖို့ကောင်းတယ်။
Malcolm က အာရှမှာ
ဆန်စိုက်ပျိုးတဲ့ ယဥ်ကျေးမှုက
အလုပ်ကြိုးစားမှု၊ ဇွဲလုံ့လ
ဒီ အချက်တွေက
အာရှကလူတွေက ပညာရေးမှာ
academics ပိုင်း ပိုတော်စေတယ်လို့ဆိုတယ်။
Cultural legacy လူမျိုးတစ်မျိုးရဲ့ ယဥ်ကျေးမှု
ထုံးတမ်းစဥ်လာ ယုံကြည်မှု၊
Response to Adversity
ပြဿနာကို တုံ့ပြန်တတ်မှု
Author က တော့ ဂျူးလူမျိုးနဲ့ဥပမာတစ်ခုပေးတယ်။
Social Cohesion and Networks
ခွဲခြားဆက်ဆံခံရတာ၊ အနိမ်ခံရတာကိုကျော်လွှားမှု။
လူကြောနပ်ပေါင်းသင်းဆက်ဆံတတ်မှု။
အလုပ်ပေါ်ထားတဲ့ စိတ်နေသဘောထား၊
လုံ့လ၊ ကြိုးစားအားထုတ်မှု
Work Ethic and Persistence အရေးကြီးတယ်။
ကိုယ့်အရဲ့ The Outlier Advantage ကိုသိဖို့
ဥပမာ ကိုယ့်ခေတ်ကပေးတဲ့ အခွင့်အလမ်း၊
နောက် ပညာရေး၊ အသိုင်းအဝိုင်း၊
လေ့ကျင့်မှု၊ ဘာသာစကား။
ဒါတွေက အောင်မြင်ဖို့ အခွင့်အလမ်း
ကိုယ့်ကို နှာတစ်ဖျားသာစေတဲ့အရာတွေဖြစ်တယ်။
ဒါကြောင့်လဲ မိဘတွေက သားသမီးတွေကို
ပိုက်ဆံတွေ အကုန်ကျခံပြီး
ပညာရေးမှာ အများကြီး မြုပ်နှံကြတာဖြစ်ပါတယ်။
ဒီမှာ အဓိကပြောတဲ့ 10000-hours rule
အရေးကြီးတယ်လို့ မြင်တယ်။
Bill Gates ဆို အလယ်တန်းကတည်းက
ကွန်ပြူတာတွေနဲ့ ရင်းနှီးနေပြီ။
နောက် သူ့အမေ Mary Maxwell Gates ကလဲ
United Way ရဲ့ Board အဖွဲ့မှာ
IBM ရဲ့ အဲ့အချိန်က CEO John Opel နဲ့ တူတူပဲ။
ရင်းနှီးခဲ့တယ်။
ဒီအချက်က Microsoft ဖြစ်တည်မှုအတွက်
အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုပဲ။
Mark Zuckerberg ဆိုလဲ
ပညာတတ် အဖြူအသိုင်းအဝိုင်းကလာတယ်။
ငယ်ကတည်းက နည်းပညာတွေနဲ့
ထိတွေ့နေပြီ။
လူတိုင်းမှာ ကိုယ့်ရဲ့ advantage တွေ
ရှိပြီးသားလို့ ကျွန်တော်ကတော့ယုံကြည်တယ်။
ဒီ အားသာချက်တွေကို
အကောင်းဆုံးအသုံးပြုဖို့ မျက်စိဖွင့်နားစွင့်ပြီး
ကိုယ်ပျော်တဲ့နယ်ပယ်မှာ
နေ့စဥ်ကျွမ်းကျင်ဖို့ လေ့ကျင့်နေဖို့လိုတယ်လို့မြင်တယ်။
Outliers က တော့ တော်တော်နာမည်ကြီးတဲ့စာအုပ်ပါ။
စိတ်ဝင်စားပြီး author ပြောတဲ့ ဥပမာတွေ
အသေးစိတ်အကုန်ဖတ်ချင်ရင်
စာအုပ်သာဖတ်ကြည့်ပေတော့။
ဒါကတော့ Insidernote အတွက်
894 အုပ်မြောက်စာအုပ်လုပ်ရင်
မှတ်စုထုတ်ထားတာပါ။
အသေးစိတ်လေ့လာချင်ရင်
www.toetet.com/insidernote
Phyo Paing @ Derek