၁။ ကိုယ်လိုချင်တာဘာလဲ
ပြတ်ပြတ်သားသား တိတိကျကျသိတယ်။
၂။ တစ်ခုခုဆို အကောင်အထည်ဖော်
လုပ်ဆောင်မှုမြန်တယ်။
၃။ တစ်ခုခုဆို သင်ခန်းစာယူ
ရှေ့ဆက်မှု မြန်တယ်။
၄။ ပြိုင်ဆိုင်အနိုင်ယူလိုစိတ်ရှိတယ်။
ဆာလောင်မှု ရှိတယ်။
၅။ ဆရာတင်ဖို့ ဝန်မလေးဘူး။
တစ်ခုခုဆို ဆရာတို့က အသိဆုံးပါဆိုပြီး
အရင်ဆုံးသူတို့ပဲ ချမ်းသာသွားတဲ့သူတွေ။
၆။ မသိတာကိို သိသလို တတ်ယောင်ကား
လုပ်ပြီး ကိုယ့်အတွက် အကျိုးမရှိတာတွေကို
ပြိုင်ငြင်းမနေဘူး။
၇။ အနာဂတ်အတွက် အမြဲစဥ်းစားကြံဆနေတယ်။
၈။ သွားတိုင်း၊ စားတိုင်း သူ့အလုပ်အကြောင်းပဲ
စဥ်းစားနေတယ်။
၉။ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူတယ်။
၁၀။ ပြဿနာတစ်ခုဖြစ်ရင် အပြစ်တင်နေတာထက်
နည်းလမ်းရှာ ဖြေရှင်းကြတယ်။
၁၁။ ဝန်ထမ်းတွေကို ဦးဆောင်နိုင်တယ်။
ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လို
နေရာချရမလဲဆိုတာ သိတယ်။
၁၂။ တန်ရာတန်ကြေးပေးဖို့ ဝန်မလေးဘူး။
၁၃။ အပေါင်းအသင်းတွေကို ဖြစ်သလိုမပေါင်းဘူး။
ဘယ်သူနဲ့ ပေါင်းသင့်တယ်၊
ဘယ်သူနဲ့ အပေါင်းသင့်ဘူး သေချာဆန်းစစ်တယ်။
၁၄။ အလုပ်မဖြစ်တာတွေကို လွတ်ချပြီး
အလုပ်ဖြစ်တာကို ဆက်လုပ်ဖို့ ဝန်မလေးဘူး။
၁၅။ ဗျာမများနေဘူး။ ကိုယ်ဘာလုပ်မယ်၊
ဘာမလုပ်ဘူး ကောင်းကောင်းသိတယ်။
၁၆။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနယ်ပယ်ကို
ချစ်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။
၁၇။ အမြဲလေ့လာနေတယ်။ ဇွဲကောင်းတယ်။
၁၈။ နေ့စဥ် ဘာပြီး ဘာလုပ်မယ်ဆိုတဲ့
routine နေ့စဥ်လုပ်ဆောင်မည့်အရာတွေရှိတယ်။
၁၉။ မသိစိတ်ရဲ့ စွမ်းပကားကို အသုံးပြုတယ်။
အချက်အလက်တွေအပြင်
gut feeling တွေ၊ intuition တွေကို
သုံးပြီး ဆုံးဖြတ်ချက်ချတဲ့အချိန်တွေရှိတယ်။
Phyo Paing @ Derek