Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

တွယ်တာမှုပုံစံ ၃ မျိုး

အချစ်နဲ့ပတ်သက်လာရင်
လူသုံးမျိုးခွဲခြားလို့ရတယ်။

၁။ Love Avoidant
၂။ Secure
၃။ Cautious

Love Avoidant Person က
ငယ်ကတည်းက မိဘက
မင်းလူတိုင်းကို ယုံလို့မရဘူး။
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်အောင်လုပ်။
ဘယ်တော့မှ တစ်ခုတည်းကို
မဖက်တွယ်ထားနဲ့။
ဒီလို အတွေးအခေါ်နဲ့ကြီးလာတယ်။
ငယ်ငယ်က မိဘမေတ္တာကို
လိုသလောက်မရခဲ့ဘူး။
မေတ္တာငတ်ပြီး ကြီးလာတဲ့သူတွေ။
တခုခုဆို တိုင်ပြောစရာလူကြီးမရှိခဲ့ဘူး။

အဲ့ဒီကျတော့ အသက်ကြီးတဲ့အခါ
Love Avoidant ဖြစ်လာပြီး
အချစ်ရေးရာမှာ လူတစ်ယောက်တည်းအပေါ်
ယုံကြည်ဖို့ commit လုပ်ဖို့
အခက်အခဲရှိလာတယ်။
ဒီတော့ ရှိနေတဲ့ relationship ထက်
ပိုကောင်းတာ အပြင်မှာရှိအုံးမှာပဲ
ဆိုတဲ့ စိတ်နဲ့နေတယ်။
နောက် ရှိနေပြီးသား relationship
ရန်ဖြစ်တိုင်း အရင်က ex တွေကို
ပြန်သတိရတတ်တယ်။
အရင် ex တွေ မကောင်းကြောင်းကို
ဦးနှောက်က overwrite လုပ် မေ့သွားတယ်။

ဒီ type က ကိုယ့်ကိုကိုယ်
သတိမပြုမိရင် တပြိုင်တည်း
အရှုပ်တွေများတယ်ဆိုပြီး
ပြဿနာ ဖြစ်နိုင်တယ်။
သူနဲ့ အတွဲသင့်ဆုံးသူကတော့
Secure type ဖြစ်တယ်။
Cautious နဲ့ဆို ပြဿနာ အကြီးကြီး
ဖြစ်သွားနိုင်တယ်။

Dating website တွေသွားရင်
ဒီလို type ကို အများကြီးတွေ့ရနိုင်တယ်။
ဘာကြောင့်လဲဆိုတော့
Love Avoidant ရဲ့အတွေးထဲမှာ
There are plenty of fishes in the sea
ဆိုတဲ့ အတွေးအခေါ်အမြဲရှိပြီး
Shiny new things, next excitement
တွေကို အမြဲ မပြတ်ရှာနေတတ်တယ်။

နောက်တစ်မျိုးကတော့ Secure
သူကတော့ ငယ်ငယ်က မိဘနှစ်ပါးရှိတယ်။
Safe ဖြစ်တဲ့ ပတ်ဝန်းကျင်မှာကြီးခဲ့တယ်။
တဖက်သားကို နားလည်ပေးတတ်တယ်။
အခု relationship ဟာ သူ့အတွက်
အကောင်းဆုံးပဲလို့ ယူဆတယ်။
တဖက်လူကို အရာရာဂရုစိုက်ပေးတတ်တယ်။
ခွင့်လွတ်တတ်တယ်။
နားလည်တတ်တယ်။

သူကတော့ တစ်ယောက်ယောက်ကို
commit လုပ်ရင် သူ့ဖက်က
ပြတ်မယ်တို့လို threaten လုပ်လေ့မရှိဘူး။
ဒီနည်းကို Love Avoidant က အမြဲသုံးတယ်။
Cautious ကလဲ သုံးတယ်။
Secure က သုံးလေ့မရှိဘူး။

ဖောက်ပြန်မှုအများစုက Love Avoidant
ကနေလာတယ်။
Secure အနေနဲ့ Love Avoidant
အပြုအမူတွေမှားနေရင်တောင်
ကာကွယ်ပေးတာ၊ ပြုပြင်တာ
သီးခံတာ လုပ်ကြတယ်။
Bill Clinton နဲ့ Hillary Clinton ကိုကြည့်ရင်
Hillary Clinton ကို ဟာ Secure ဆိုတာ
တွေ့လိမ့်မယ်။
မကြာခင် ဖြစ်သွားတဲ့ Taiwan အဆိုတော်
ဝမ်းလိဟုန်ရဲ့ အမျိုးသမီးက
Cautious type ထဲပါတယ်။

Cautious type ကတော့
ငါမရတာ တခြားသူလဲမပေးဘူး
ဆိုတဲ့ type မျိုးဖြစ်ပြီး
သူ့မှာ စိုးရိမ်စိတ်အမြဲရှိတတ်တယ်။
သူလုံးဝ သီးမခံနိုင်တာ သစ္စာဖောက်တာ။
ဒါကြောင့် သူ့ကိုတစ်ခေါက်
သစ္စာဖောက်မိတာနဲ့ တစ်သက်လုံး
အဆင်မပြေတော့ဘူး။

သူ့အတွေးထဲမှာ အမြဲဒုက္ခရောက်
တစ်ဖက်ကို ခွင့်မလွတ်နိုင်
ဖြစ်နေတတ်တယ်။
Cautious က competitive type
မျိုးဖြစ်တတ်ပြီး
ယုံကြည်စိတ်ချစရာကောင်းတာ
အသေးစိတ်မြင်တတ်တဲ့
အကျင့်စရိုက်တွေရှိတယ်။

သူ့ကို သစ္စာဖောက်တဲ့သူကို
သင်ခန်းစာအကြီးကြီးပြန်ပေးတာ
ကိုယ့်ကိုထိခိုက်မှုရှိရင်တောင်
ပြန်ကလဲ့စားခြေတတ်တဲ့သူမျိုးဖြစ်တယ်။
Love Avoidant နဲ့တွေ့တဲ့အခါ
သူ့ဘဝ ဒုက္ခအကြီးအကျယ်ရောက်တတ်တယ်။
သူနဲ့ အကောင်းဆုံးသူကတော့
Secure type ဖြစ်တယ်။

ပြဿနာအများစုက
ကိုယ့်ကိုကိုယ် မသိရာကလာတယ်။

Phyo Paing @ Derek

Share Your Idea!​