Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ထင်ထားတာနဲ့ တကယ်ဖြစ်နိုင်တာနဲ့
plan နဲ့ actual ကြားကွာခြားချက်ကို
ဆွဲငြိပေးနိုင်တာ အတွေ့အကြုံပဲ။

လူအယောက် ၅၀၀ – ၁၀၀၀ ရှေ့မှာ
စကားပြောမယ် ဘာတွေဖြစ်ပြီး
ဘယ်လိုပြီးမလဲဆိုတာ ကြိုသိနေတယ်။
ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံရှိလို့။

Digital product တစ်ခုကိုစတယ်။
ဘယ်အချိန်ကို ဘယ်လောက်
ပုံမှန် income ရှိနေမလဲကြိုသိတယ်။
ဘာကြောင့်လဲဆို ရှေ့ကလုပ်ခဲ့ဖူးတဲ့
experience ကြောင့်။

ဘာကုန်ပစ္စည်းကို ဘယ်လောက်အသုံးပြုပြီး
ဘယ်လို campaign လုပ်ရင်
ဘယ် audience ဆို ဘယ်လောက် target
ထိတယ်ဆိုတာ အကြံပေးနိုင်တယ်ဆိုတာ
အရှေ့မှာ အလုပ်မဖြစ်မှုပေါင်းများစွာက
လေ့လာထားခဲ့တဲ့ အတွေ့အကြုံကြောင့်။

ဘယ်အစားအသောက်ကို ဘယ်လောက်စားပြီး
ဘယ်လို လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရင်
တစ်ရက် ဘယ်လောက်ဝိတ်အပြောင်းအလဲရှိ
နိုင်တယ်ဆိုတာ သိတယ်။
ဘာကြောင့်လဲဆိုရင် အတွေ့အကြုံရှိလို့။

တစ်ရက်ကို Daily saving goal
ဘယ်လိုထားပြီး ငွေကြေးဘယ်လိုစီမံရင်
လိုချင်တဲ့ Yearly income goal ကို
ဘယ်လိုရောက်နိုင်မလဲဆိုတာ သိတယ်။
ဘာကြောင့်လဲဆို အတွေ့အကြုံရှိလို့။

စကားသုံးလေးခွန်းပြောလိုက်ရင်
ဒီလူကဘယ်လိုလူမျိုးဆိုတာ တန်းသိတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်ရည်ကိုယ်သွေး၊
စိတ်ပညာ၊ မျက်နှာဖတ်နည်းလေ့လာပြီး
အလုပ်မဖြစ်တဲ့၊ အလုပ်ဖြစ်တဲ့
အတွေ့အကြုံတွေရှိထားခဲ့လို့။

အတွေ့အကြုံ experience ဆိုတာ
အထင်အမြင် opinion မဟုတ်ဘူး။
ဘာအလုပ်ဖြစ်တယ်။
ဘာအလုပ်မဖြစ်ဘူး ဓမ္မဓိဌာန်ကျကျ
လေ့လာသုံးသပ်စီစဥ်ထားတဲ့အရာဖြစ်တယ်။

လူတစ်ယောက်ကိုယ့်ကိုကိုယ်အကောင်းဆုံး
ပေးနိုင်တဲ့ လက်ဆောင်က
မျက်စိဖွင့် နားစွင့်ပြီး ကိုယ့်ကိုကိုယ်
ကိုယ့်ပတ်ဝန်းကျင်ကိုလေ့လာပြီး
အချက်အလက်ကျကျ ဆုံးဖြတ်တတ်နိုင်ခြင်းပဲ။
ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့အမြဲ
ထာဝ၇အတူတူရှိနေမှာ ကိုယ်ပဲ။
ကိုယ့်ကိုကိုယ်လေ့လာနေဖို့အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​