Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲရေးမှာ
Trauma တွေက Drama
ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။

ဒါကြောင့် ကျွန်တော် ကျင့်သုံးခဲ့တဲ့
အဆင့် ၃ ဆင့်နဲ့ မျှဝေပေးချင်တယ်။

၁။ Release ရှင်းထုတ်

လူတိုင်း ငယ်ဘဝဖြတ်သန်းမှုသမိုင်းမှာ
အမှိုက်တွေ တွယ်ကပ်လာတတ်တယ်။
ဒီအရာတွေက စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်တွေလို
တစ်ချက်တစ်ချက် ဝင်ဒုက္ခပေးတတ်တယ်။

ဒီ အပျက်စိတ်၊ အငုံစိတ်၊ ကြောက်စိတ်၊
ခွင့်လွတ်စရာ၊ စိတ်ဒဏ်ရာ၊
ဝမ်းနည်း၊ ကြေကွဲ၊ ယူကြုံးမရ
ဒါတွေကို ဖြစ်စေတဲ့ ဘဝမှာကြုံခဲ့တဲ့
အဖြစ်အပျက် significant emotional events (SEE) တွေကို
ပြန်လည်ကုသဖို့လိုတယ်။
ဒီလို လုပ်ဖို့ ဒီအဖြစ်အပျက်တွေကို
အဓိပ္ပာယ်ပြောင်းဖို့လိုတယ်။
ဒီအဖြစ်အပျက်တွေကို နားလည်ပေးလိုက်ဖို့လိုတယ်။
ဒီလို အဓိပ္ပာယ်ပြောင်းဖို့ သင်ခန်းစာယူဖို့လိုတယ်။

တချို့က Therapy နဲ့ လုပ်တယ်။
အကောင်းဆုံးနည်းကတော့ self-therapy ဖြစ်နိုင်တယ်။
ဒီလို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တဲ့နည်း
introspection သုံးလို့ရတယ်။
မကြိုက်တဲ့ စိတ်ခံစားချက် ခံစားရတဲ့အချိန်တိုင်း
ဒါကို ပထမဆုံး ဘဝမှာ ဘယ်တုန်းက
ခံစားဖူးသလဲမေးကြည့်။
နောက် ဒီက ဘာသင်ခန်းစာရသလဲမေးကြည့်။

၂။ Rewire ပြုပြင်

ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပြောနေတဲ့ပုံပြင်တွေရှိတတ်တယ်။
ဥပမာ ပိုက်ဆံရှာရခက်တယ်။
ငါက ဇွဲမရှိဘူး။
ငါက အပျင်းကြီးတယ်။
သူတို့အတွက်တော့ ဟုတ်မှာပေါ့။
ကိုယ့်ဘဝနဲ့ အဝေးကြီးပါ။

ဒီပုံပြင်တွေက ကိုယ့်အတွက် အသုံးမကျရင်
ပြန်လည်ပြုပြင်ဖို့လိုတယ်။

ငါဘယ်သူလဲဆိုတာကို
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ဗားရှင်းအဖြစ်
ချရေးကြည့်။
ကိုယ်လိုချင်တဲ့ အချစ်ရေးပုံစံ
ဖြစ်နေသကဲ့သို့ရေးကြည့်။
ကိုယ့်ဘဝနေထိုင်ချင်တဲ့
ဘဝနေထိုင်မှုပုံစံ။

ဦးနှောက်သိပ္ပံမှာ
neuroplasticity ဆိုတဲ့စကားလုံးရှိတယ်။
အတွေး၊ အကြံ၊ အလုပ်ပေါ်မူတည်ပြီး
ဦးနှောက်ရဲ့ ပုံပြောင်းတယ်။

ကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံ
ရေးထားတဲ့ စာကို အသံသွင်းထား။
ချရေးထား။
နေ့တိုင်းဖတ်၊ နေ့တိုင်းရွက်ဆို။
နေ့တိုင်းခံစားကြည့်။

၃။ Reinvent ဖန်တီး

အတွေး၊ အကြံ၊ အလုပ်မှာ
ကိုယ့်ကိုယ်ကိုယ် ဖန်တီးဖို့ အလုပ်လိုတယ်။
အမူအကျင့်လိုတယ်။
ငါဆိုတာ ဘယ်သူလဲဆိုတဲ့ identity လိုတယ်။

ဒီတော့ နေ့တိုင်းကိုယ်မဖြစ်မနေ
မပျက်မကွက်လုပ်မည့် အလုပ်တွေကိုချရေး။

ဒီအလုပ်တွေက အနာဂတ်မှာ
ဖြစ်လာမည့်ကိုယ်ကို ပုံဖော်ဖန်တီးပေးမည့်သူဖြစ်စေမယ်။

ဒါကတော့ Toe Tet ရဲ့
Reinventing You နည်းစနစ်ဖြစ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​