တကယ်တော့ လောကမှာ
ကိုယ်တကယ်ထိန်းချုပ်လို့ရတဲ့အရာ
တစ်ခုပဲရှိတယ်။
သေခြင်းတရားကိုလဲ မထိန်းချုပ်နိုင်ဘူး။
သမီးရည်းစား၊ လင်မယား၊
သား၊ သမီးနဲ့ လူတွေ
ကိုယ့်ကိုဘယ်လိုဆက်ဆံမလဲ
မထိန်းချုပ်နိုင်ဘူး။
ငွေကြေးအပြောင်းအလဲကိုလဲ
မထိန်းချုပ်နိုင်ဘူး။
ထိန်းချုပ်နိုင်တာ တစ်ခုပဲရှိတယ်။
ဒါကတော့ ကိုယ့်ဘယ်အရာကို
အာရုံစိုက်လဲဆိုတာ “သတိ”။
ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာနှစ်ခုဆုံဆည်းရာ
တံတားတစ်စင်းဖြစ်တဲ့
နှာခေါင်းရဲ့ ဝင်လေထွက်လေ
ဒါကို သတိကပ်တာ။
ဒါကို ထိန်းချုပ်နိုင်တယ်။
မင်းခိုက်စိုးစံပုံစံ စကားနဲ့ပြောရမယ်ဆို
အတွေးတွေကို ငါမပိုင်ရင်
သတိကပ်ခြင်းကို ငါပိုင်တယ်ပေါ့။
သတိကပ်တာ
ကိုယ့်ကိုကိုယ် ပြန် date တာပဲ။
ကိုယ့်ကိုကိုယ် ပြန်ချိန်းတွေ့တာပဲ။
Phyo Paing @ Derek