ပိုက်ဆံရှာဖို့
စျေးကွက်ပြဿနာအရင်ရှာတယ်။
ပြဿနာရှာပြီးရင်၊
ဒီပြဿနာတွေထဲကမှ
ကိုယ်ဖြေရှင်းချင်တဲ့၊
ဖြေရှင်းနိုင်တဲ့ ပြဿနာကိုရွေးချယ်ပြီး
ဖြေရှင်းနိုင်တဲ့
နည်းလမ်းရှာတယ်။
ဒီနည်းလမ်းက လက်ရှိရှိနေတဲ့
နည်းလမ်းတွေထက်ပိုကောင်းတဲ့နည်းလမ်းဖြစ်ရမယ်။
နောက် ဒီဖြေရှင်းတဲ့နည်းလမ်းအတွက်
လူတွေက ငွေပေးချေနိုင်စွမ်းနဲ့၊
ငွေပေးချေချင်စိတ်ရှိရမယ်။
သူတို့မှာ ငွေပေးချေနိုင်စွမ်းမရှိရင်
သူတို့အစား ငွေပေးချေပေးမည့်သူရှိရမယ်။
ဒီစျေးကွက်ပြဿနာကိုဖြေရှင်းမည့်
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို
နာမည်တစ်ခုပေးရမယ်။
ဒီနာမည်ကလဲ ကိုယ့်ကုန်ပစ္စည်း၊
ဝန်ဆောင်မှုက ဖြေရှင်းပေးမည့်
အဖြေကို ကိုယ်စားပြုနိုင်စွမ်းရှိရမယ်။
ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို
အသုံးပြုမည့်လူတွေကို
ကိုယ့်လုပ်ငန်းအကြောင်းသိအောင်လုပ်ရမယ်။
စိတ်ဝင်စားအောင်လုပ်ရမယ်။
မေးအောင်လုပ်ရမယ်။
ဝယ်အောင်လုပ်ရမယ်။
ဝယ်ပြီးထပ်ဝယ်အောင်၊
ထပ်ဝယ်ပြီးသူ တခြားသူကိုပြောအောင်လုပ်ရမယ်။
နောက်ပိုင်း ဒီစနစ်ကိုလည်ပတ်တဲ့အခါ
ဝန်ထမ်းခန့်၊
ဝန်ထမ်းတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့
နည်းစနစ်တွေ သေချာချပေး။
တစ်ခုချင်းလွဲ။
တကယ်လို့ ကိုယ့်လုပ်ငန်းက
လူမလိုတဲ့ solopreneur လုပ်ငန်း၊
နည်းပညာအသုံးပြုတဲ့ လုပ်ငန်းဆိုရင်
set it and forget it လုပ်လို့ရနိုင်တယ်ဆိုရင်
ဒါကို repeat လုပ်။
ဒါကစီးပွားရေးလုပ်နည်း၊
ငွေရှာနည်း ၁၀၁ ပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay