တစ်ယောက်နဲ့တစ်ယောက်
အဓိပ္ပာယ်ဖွင့်ဆိုမှုတော့ ကွာနိုင်တယ်။
မလုပ်ချင်တာလုပ်ပြီး
မဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။
လုပ်ချင်တာလုပ်ပြီး
မဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။
မလုပ်ချင်တာလုပ်ပြီး
ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။
လုပ်ချင်တာလုပ်ပြီး
ကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။
ဒီလေးခုမှာ
ကိုယ့်အလုပ်ကိုလဲ ချစ်တယ်။
ကိုယ့်အလုပ်က ယူဆောင်လာပေးတဲ့ရလဒ်ကိုလဲချစ်တယ်။
ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။
Phyo Paing @ Derek